အရသာရှိတဲ့ ထမင်းလိပ်စပ်စပ်လေးလုပ်စားမယ်


ဒီတစ်ခေါက်မှာတော့ ထမင်းလိပ်ကြိုက်တဲ့ သူတွေအတွက် ထမင်းလိပ်အစပ်လုပ်နည်းလေးကိုပြောပြပေးပါ့မယ်။ တော်တော်များများသိကြတာက ထမင်းလိပ်ကို ထမင်းအဖြူနဲ့ လုပ်စားတာကိုပဲ မြင်တွေ့စားဖူးကြမှာပါ။

အခုကတော့ အဲလိုမဟုတ်ပဲ ထမင်းကို အစပ်လုပ်ပြီး လိပ်မှာပါ။
ဒီတော့ ထမင်းလိပ်လုပ်မယ့် ပုံစံလေးတွေကိုပြောပြပေးလိုက်မယ်နော်။


အရင်ဦးဆုံး ထမင်းလိပ်ကို အစပ်လုပ်မှာဆိုတော့ ငရုပ်ဆီအနှစ်လုပ်ရပါမယ်။ ပါဝင်ပစ္စည်းလေးတွေကတော့
၁. ငရုပ်သီး အစိမ်းမှုန့် ( စားပွဲတင်ဇွန်း ၁ ဇွန်း )
၂. ငရုပ်ဆီအနှစ် ( စားပွဲတင်ဇွန်း ၁ ဇွန်း )
၃. နှမ်းဆီ ( လက်ဖက်ရည်ဇွန်း ၁ ဇွန်း )
၄. သကြား ( စားပွဲတင်ဇွန်း ၁ ဇွန်း )
၅. နှမ်းဆီ ( လက်ဖက်ရည်ဇွန်း ၁ ဇွန်း )
၆. တရုတ်ပဲငံပြာရည် ( စားပွဲတင်ဇွန်း ၁ ဇွန်း )


၁. အခုပြောလိုက်တဲ့ ပစ္စည်းတွေ အားလုံးကို အချိုးကျစွာ ရောနယ်လိုက်ပါ။
၂. မီးပူနေတဲ့ အိုးထဲသို့ ဆီ ပါယုံလောက်ထည့်ပါ။ ပြီးရင် ထမင်းအဖြူနှင့်တကွ ငရုပ်ဆီ အနှစ်ထည့်ပြီး နယ်လိုက်ပါ။
၃. မိမိနှစ်သက်ရာ အရွက်တွေ အသားတွေကို ကြော်ထားပါ။


၄. ရေညှိပြားပေါ်မှာ ငရုပ်ဆီအနှစ်နယ်ထားတဲ့ ထမင်းတွေကို ဖြန့်ဖြူးအောင်ထားပါ။ ပြီးရင် အပေါ်ကနေ မိမိနှစ်သက်ရာ အသားတွေအရွက်တွေကို ထည့်ပြီးလိပ်လိုက်ပါက အရသာရှိတဲ့ ထမင်းလိပ်အစပ်ကိုရရှိပါ့မယ်။


ချိုအီနေတဲ့ ရေညှိပြားထဲမှာ စပ်နေတဲ့ထမင်းနဲ့ မွှေးကြိုင်တဲ့ အသားတွေအရွက်တွေကို ပါးစပ်ထဲမှာ တစ်ခါတည်းစားရမှာဆိုတော့ တကယ့်ကိုအရသာရှိမှာပါ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။