မြိတ်မှာ ဘောလုံးပွဲကြည့်နေစဥ် မိုးကြိုးပစ်လို့ လူ ၅ ဦး သေဆုံး

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဇွန်လ ၃ ရက်နေ့၊ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်တဲ့ အတွက် အမျိုးသမီး ၄ ဦးနဲ့ အသက် ၈ နှစ်အရွယ်ကလေးတစ်ဦး သေဆုံးသွားတယ်လို့သိရပါတယ်။


မြိတ်လေတပ်စခန်းဧရိယာအတွင်း  ဘောလုံးကန် နတာကို ကြည့်ရှုနေစဥ် မိုးကြိုးထိမှန်စဉ်ပြီး ၅ဦးသေဆုံးကာ ၇ ဦး မိုးကြိုးစက်ကွင်းမိဒဏ်ရာခဲ့တယ်လို့ လူမှုကွန်ယက်​တွေမှာ ဖော်ပြနေကြပါတယ်။ ဒဏ်ရာရရှိသူရဲ့ မိသားစုဝင်တစ်ဦးက​တော့ လူ ၁၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။ ဒဏ်ရာရရှိသူတွေကိုမှတ် ၅၊ ခုတင် ၁၀၀ ဆန့် စစ်ဆေးရုံမှာ ကုသပေးနေကြောင်းသိရပါတယ်။ ကနဦးသတင်းများအရ ၄င်းတို့ဟာ လေတပ်စခန်းမှာ Quarantine ဝင်နေသူတွေလို့သိရပါတယ်။ 


ရေဦးမြို့မှာလည်း မိုးကြိုးပစ်ချမှုကြောင့် နှစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Source - မြတ်ထွဋ် (မြိတ်)

Photo -  မြတ်ထွဋ် (မြိတ်), Youtube

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။