အမေရိကန်ဆန္ဒပြပွဲအတွင်း ခိုးလာတဲ့အဝတ်တွေနဲ့ Facebook Live လွှင့်ခဲ့တဲ့အမျိုးသမီး အဖမ်းခံရ

အမေရိကန်ပြည်ထောင်စုတစ်ခုလုံးမှာ ဖြစ်ပေါ်နေတဲ့ George Floyd ဆန္ဒပြပွဲတွေဟာ အရှိန်အဟုန်ပိုတိုးလာ တာနဲ့အမျှ ပါဝင်သူတွေလည်း ပိုမိုများပြားလာခဲ့ပါတယ်။ လူအမျိုးမျိုးပါဝင်လာတာကြောင့် တချို့တွေက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြသလို တချို့လည်း အကြမ်းဖက်တဲ့သဘောရောက်တဲ့အထိ ဖျက်ဆီးဆန္ဒပြမှု တွေလည်း ရှိနေပါတယ်။


Image Credit: Getty Images

အဲဒီလိုဆန္ဒပြသူတွေထဲမှာ ရောနှောပါဝင်လာတဲ့ အချောင်သမားတချို့က မြို့လယ်ခေါင်က ပိတ်ထားတဲ့ ဆိုင်ကြီးတွေရဲ့ မှန်တွေကို ခွဲပြီး အထဲကပစ္စည်းတွေကို အလကားယူဆောင်သွားကြတာတွေလည်း ရှိပါတယ်။


Image Credit: Los Angeles Times

မီရှီဂန်ပြည်နယ်က ဂျော့ဖလွိုက်ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ဟာလည်း ခိုးထားတဲ့ ဘီယာကို သောက်သုံးပြီး ဆိုင်တွေထဲကနေ အချောင်ရယူထားတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပြကာ Facebook မှာ Live လွှင့်ခဲ့တာကြောင့် အရေးယူဖမ်းဆီးခြင်းခံခဲ့ရပါတယ်။


Image Credit: Instagram

စနေနေ့က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းညမျာ အသက် ၂၂ နှစ်အရွယ် Alexandria Ally Lyons ဟာ ရာဇဝတ်မှု ကြီးတစ်ခုနဲ့ အဖမ်းခံခဲ့ရတာပါ။ အကြောင်းက သူမဟာ Facebook Live ကနေတဆင့် ဆိုင်ရဲ့တံခါးတွေကို ရိုက်ခွဲပြီး မီးရှို့စေတဲ့ အကြမ်းဖက်မှုနဲ့ သွေးထိုးလှုံ့ဆော်မှုတို့မှာ ကြံရာပါအဖြစ် စွပ်စွဲအရေးယူခဲ့ခဲ့ရတာကြောင့် ဖြစ်ပါတယ်။


Image Credit: Fox Business

သူမဟာ ဘားတစ်ခုကို ခိုးယူလာတဲ့ ဘီယာကို သောက်သုံးရင်း Facebook Live video ကို တင်ခဲ့ပါတယ်။ နောက်ထပ်ဗီဒီယိုတစ်ခုမှာတော့ အိမ်မှာပါတီလုပ်တာကို ရိုက်ပြထားပြီး ဆန္ဒပြပွဲအတွင်းမှာ ဖောက်ထွင်းထား တဲ့ ဆိုင်တွေထဲကနေ အချောင်ရယူလာခဲ့တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပြခဲ့ပါတယ်။ အဲဒီအဝတ်အစား တွေကို Ottawa Avenue မှာရှိတဲ့ F.David Barney Clothiers ဖက်ရှင်ဆိုင်ကနေ ခိုးယူလာတယ်လို့ ရဲတွေက ယုံကြည်ထားကြပါတယ်။


Image Credit: Instagram

အဲဒီအမျိုးသမီးအနေနဲ့ အပြစ်ဒဏ်ကျခံရမယ်ဆိုရင် ဒေါ်လာ ၄ သောင်းဒဏ်ကြေးနဲ့ ထောင် ၁၀ နှစ်နဲ့အထက် ကျခံရဖွယ် ရှိနေပြီး အအောက်အအုံဖျက်ဆီးမှုပါ ပါမယ်ဆိုရင် နောက်ထပ် ၅ နှစ် ထပ်တိုးလာနိုင်ချေ ရှိပါတယ်။ အဲဒီအဓိကရုဏ်းဖြစ်ပွားမှုဟာ မြို့လယ်ခေါင်က စီးပွားရေးလုပ်ငန်းပေါင်း ၁၀၀ လောက်ကို ပျက်စီးမှုဖြစ်စေခဲ့ပြီး တချို့ဆိုင်တွေ ပစ္စည်းတွေပါ ခိုးယူခံခဲ့ရတယ်လို့ ဒေသခံရဲတွေရဲ့အဆိုအရ သိရပါတယ်။

Katie Scarlett
We Media

Source: Daily Mail

Original Link: https://www.dailymail.co.uk/news/article-8384977/Woman-22-arrested-inciting-riot-Facebook-live-post-following-George-Floyd-protest.html?fbclid=IwAR1DuUY5SntRP5pRx9KfPNPmsJt1TxaFAl-IMYIXNEAtSTESKksSAlFkkYI
 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။