
Baeksang Arts Awards ဆုပေးပွဲကြီးမှာ ဆုရခဲ့ကြတဲ့ ပရိသတ်အချစ်တော်များ
တောင်ကိုရီးယားရဲ့ အကြီးဆုံးအနုပညာဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ ၅၆ ကြိမ်မြောက် Baeksang Arts Award ဆုပေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၅ ရက်နေ့၊ ဒီနေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကြီးမှာ ပရိသတ်အကြိုက် တွေ့ခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲက ပရိသတ်အချစ်တော်မင်းသား၊ မင်းသမီးတွေက ဆုတွေရရှိပိုင်ဆိုင်ခဲ့ကြပါတယ်။
Image Credit: Kdrama Buzz
Image Credit: Kdrama Buzz
မင်းသားချော Kang Ha-neul က “When the Camellia Blooms” ဇာတ်လမ်းတွဲနဲ့ အကောင်းဆုံးမင်းသားဆု ကို ရရှိခဲ့ပြီး ပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း “The World of the Married” ဇာတ်လမ်းထဲက မင်းသမီး ကြီး Kim Hee Ae က အကောင်းဆုံးမင်းသမီးဆုကို ရရှိပိုင်ဆိုင်သွားခဲ့ပါတယ်။ မင်းသားချော Hyun Bin နဲ့ မင်းသမီး Son Ye Jin တို့ကတော့ TikTok Popularity Award ကို ဆွတ်ခူးရရှိခဲ့ကြပါတယ်။
Image Credit: Kang Haneul.org
Image Credit: Kdrama Buzz
“Crash Landing on You” ဇာတ်လမ်းထဲက မင်းသမီးချောလေး Seo Ji Hye ကတော့ Fashion Icon Award ကို ရရှိခဲ့ပါတယ်။ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်အဖြစ် Oh Jung Se (When the Camellia Blooms) နဲ့ အကောင်းဆုံးဇာတ်ပို့သရုပ်ဆောင်အဖြစ် Kim Sun Young (Crash Landing on You) တို့က ရရှိခဲ့ကြပါ တယ်။ အကောင်းဆုံးဇာတ်လမ်းတွဲအဖြစ် SBS ရဲ့ Stove League က ရရှိခဲ့ပြီး အကောင်းဆုံးဒါရိုက်တာဆုကို The World of the Married ဇာတ်လမ်းရဲ့ ဒါရိုက်တာ Mo Waan Ill က ရရှိခဲ့ပါတယ်။
Image Credit: Kdrama Buzz
Image Credit: Kdrama Buzz
Image Credit: Kdrama Buzz
အကောင်းဆုံးမင်းသားသစ်ဆုကိုတော့ Dr. Romantic 2 ထဲက မင်းသားချောလေး Ahn Hyo Seop နဲ့ အကောင်းဆုံးမင်းသမီးသစ်ဆုကို Itaewon Class ဇာတ်လမ်းတွထဲက Kim Da Mi တို့က ရရှိသွားပါတယ်။ ပရိသတ်အချစ်တော် Yoo Jae Suk ကတော့ MBC ရဲ့ How Do You Pla? အစီအစဉ်နဲ့ အကောင်းဆုံးဖျော်ဖြေ တင်ဆက်သူဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။
Image Credit: Kdrama Buzz
ရုပ်ရှင်ပိုင်းမှာတော့ အကောင်းဆုံးရုပ်ရှင်ဆုအဖြစ် Parasite က ဆွတ်ခူးသွားပြန်ပြီး အကောင်းဆုံးရုပ်ရှင် ဒါရိုက်တာအဖြစ် House of Hummingbird ရဲ့ ဒါရိုက်တာ Kim Bora က ရရှိခဲ့ပါတယ်။ အကောင်းဆုံးရုပ်ရှင် မင်းသားဆုကို The Man Standing Next ရုပ်ရှင်နဲ့ မင်းသားကြီး Lee Byung Hun, အကောင်းဆုံးရုပ်ရှင် မင်းသမီးဆုကို Birthday ဇာတ်လမ်းနဲ့ Jeon Do Yeon တို့က အသီးသီးရရှိပိုင်ဆိုင်ခဲ့ကြပါတယ်။ အကောင်းဆုံး ရုပ်ရှင်ဇာတ်ပို့မင်းသားအဖြစ် Lee Kwang Soo က Inseparable Bros ရုပ်ရှင်နဲ့ ရရှိခဲ့ပါတယ်။
Image Credit: Kdrama Buzz
၅၆ ကြိမ်မြောက် Baeksang Arts Award ဆုပေးပွဲကြီးကို တောင်ကိုရီးယားနိုင်ငံ၊ Ilsan က KINTEX Hall မှာ ကိုရီးယားစံချိန်တော်ချိန် ညနေ ၅ နာရီကစလို့ ကျင်းပခဲ့တာပါ။ အဲဒီဆုပေးပွဲမှာ တီဗီဇာတ်လမ်းတွဲ၊ ရုပ်ရှင်နဲ့ ပြဇာတ်အတွက် ထူးချွန်ဆုတွေကို ပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် လာရောက်ကြည့်ရှုသူပရိသတ်တွေ မပါဘဲ အနုပညာရှင်တွေနဲ့ ချည်း သီးသန့်ပြုလုပ်ခဲ့တာပါ။ အဲဒီပွဲမှာ Shin Dong Yup, Suzy နဲ့ Park Bo Gum တို့က MC တွေအဖြစ် ဆောင်ရွက်ပေးခဲ့ကြပါတယ်။
Image Credit: Kdrama Buzz
Katie Scarlett
We Media
Source: KdramaBuzz, IBtimes
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။