ချိုချိုမွှေးမွှေး ကန်းစွန်းဥကြော်

အမြဲပြုတ်စားနေကျ ကန်းစွန်းဥလေးကို ဒီတစ်ခါမှာတော့ ကြော်စားကြည့်ရအောင်နော်...။ ကလေးငယ်လေးတွေအတွက်လည်း အဆင်ပြေသလို လူကြီးတွေအတွက်လည်း အကြိုက်တွ့စေမှာ အသေအချာပါပဲ...

Photo credit - the cookful

ကန်စွန်းဥကြော်အတွက် ပါဝင်ပစ္စည်း 

ကန်စွန်းဥ - ၂ လုံး

ပြောင်းဖူးကော်မှုန့် - ထမင်းစားဇွန်း ၂ ဇွန်း

ဆား - လက်ဖက်စားဇွန်းဝက်

သကြား - လက်ဖက်စားဇွန်းဝက်

ငရုတ်သီးအစိမ်းမှုန့် - လက်ဖက်စားဇွန်းဝက်

ငရုတ်သီးအရှည်တောင့်မှုန့် - လက်ဖက်စားဇွန်းဝက်

ငရုတ်ကောင်းမှုန့် - အနည်းငယ်

အရသာမှုန့် - လက်ဖက်စားဇွန်းဝက်

Photo credit - I heart naptime

ပြုလုပ်နည်းအဆင့်ဆင့်

- ပထမဦးဆုံး ကန်းစွန်းဥတွေကို အခွံခွာရေဆေးပြီး အမြှောင်းလေးတွေ လှီးထားပါ။

- ရေနွေးကိုဆူအောင်တည်ထားပါ။ ရေနွေးဆူလာရင် ကန်းစွန်းဥလေးတွေကို နူးသည်အထိပြုတ်ပါ။

- ပြောင်းဖူးကော်မှုန့်ကို ရေအနည်းငယ်ထည့်ပြီး ဖျော်ထားပါ။

Photo credit - delish.com

- ကန်စွန်းဥလေးတွေ နူးလာတဲ့အခါ ဖျော်ထားတဲ့ ပြောင်းဖူးကော်မှုန့်ရေထဲလူးပါ။

- ဒယ်အိုးထဲမှာ ကြော်ရန်လုံလောက်တဲ့ ဆီပမာဏထည့်ပြီး ပြောင်းဖူးကော်မှုန့်လူးထားတဲ့ ကန်စွန်းဥလေးတွေကို ထည့်ကြော်ပါ။

- ကြော်ပြီးသွားရင် ဆီစစ်ထားပါ။ အပေါ်ကနေဖြူးဖို့အတွက် အရသာမှုန့်ပြုလုပ်ပါမယ်။

Photo credit - freepik

- ပန်းကန်လုံးလေးတစ်ခုထဲမှာ ဆား၊ သကြား၊ အရသာမှုန့်၊ ငရုတ်သီးမှုန့် ၂ မျိုး၊ ငရုတ်ကောင်းမှုန့်တို့ထည့်ကာ မွှေထားပါ။

- ပြီးရင်တော့ ကြော်ထားတဲ့ ကန်စွန်းဥချောင်းလေးတွေပေါ်မှာ ဖြူးလိုက်ပါ။

- အားလုံးပြီးသွားရင်တော့ မရောနိစ်၊ နှစ်သက်ရာအချဉ်တို့နဲ့ တွဲဖက်စားနိုင်မယ့် ကန်စွန်းဥကြော်လေး ရပြီဖြစ်ပါတယ်။

Photo credit - foods guy

(ကလေးငယ်လေးတွေအတွက်ဆိုရင်တော့ ငရုတ်သီးထည့်တဲ့အဆင့်ကို ကျော်လို့ရပါတယ်)

Ref; tiny wonderz youtube

Psyche (We Media)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။