ကိုယ့်ကားအတွင်းထဲမှာ သပ်သပ်ရပ်ရပ်ဖြစ်ဖို့ သိသင့်တဲ့အချက် (၅) ချက်

ကိုယ်ရဲ့ကားအတွင်းထဲမှာ သပ်သပ်ရပ်ရပ်လေးဖြစ်နေစေဖို့ အခုပြောပြပေးသွားမယ့် အချက်လေး (၅) ချက်ကို ဗဟုသုတအနေနဲ့ ကြည့်ထားသင့်ပါတယ်။ 

၁။ ကားထဲမှာ တစ်ရှူးဘူးလှလှလေးတစ်ခုတော့ ထည့်ထားသင့်ပါတယ်…။

ချစ်စရာကောင်းတဲ့တစ်ရှူးဘူးညေ လးတစ်ခု ဖန်တီးဖို့ ကော်ဖီသောက်တဲ့ခွက်လေးရှိရင် အဆင်ပြေပါတယ်။ ကော်ဖီသောက်တဲ့ဘူးလေးမှာ ချစ်စရာကောင်းတဲ့ စက္ကူလေးကို ကော်နဲ့ကပ်ပြီး၊ ပုံမှာပြထားတဲ့အတိုင်း အဖုံးလေးကို ကတ်ကြေးနဲ့ညှပ်ထုတ်လိုက်ပါ။

ပြီးရင်တော့ တစ်ရှူးထည့်ပြီး၊ ကားထဲမှာထားလို့ရပါပြီ…။

၂။ ကားထဲမှာ အမှိုက်နည်းနည်းမှ မကျန်အောင်လုပ်ရပါမယ်…။

ကားထဲမှာ အမှိုက်တွေကို နည်းနည်းမှမကျန်အောင်လုပ်ဖို့ ဖယ်ထုတ်ရခက်တဲ့နေရာတွေ ရှိနေရင်တော့ ပုံမှာပြထားတဲ့အတိုင်း cup cake လုပ်ရာမှာ သုံးတဲ့စက္ကူခွက် သေးသေးလေးကို ထားထားလိုက်ပါ (မုန့်ဖုတ်ပစ္စည်းတွေရောင်းတဲ့ဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ အခု ၅၀ ၊ ၁၀၀ကိုမှ ဈေးနည်းနည်းပဲ ပေးရတာပါ။)။

ဒါဆိုရင်တော့ အမှိုက်တွေကို အလွယ်တကူနဲ့ယူထုတ်လို့ရတာကို တွေ့ရပါလိမ့်မယ်။

၃။ မြေပုံကြည့်ပြီးသွားရတဲ့အခါ ကားထဲမှာ ဖုန်းထားဖို့စင်လေးမရှိရင်တော့…။

မြေပုံအတိုင်းကြည့်ပြီးသွားရတဲ့ နေရာတွေရှိပါတယ်။ ဒီလိုသွားရတဲ့အခါမှာ ဖုန်းကိုလက်ကကိုင်သွားပြီး ကြည့်ဖို့ အဆင်မပြေပါဘူး။ ဒါကြောင့် ဖုန်းထားတဲ့စင်လေးမရှိရင်တောင် သားရေကွင်းလေးရှိရင် အဆင်ပြေပါတယ်။

လုပ်ရမယ့်ပုံစံလေးကိုတော့ ပုံလေးနဲ့ တစ်ဆင့်ချင်းစီဖော်ပြပေးလိုက်ပါတယ်။

၄။ ခရီးသွားတဲ့အခါ လိုအပ်တာလေးတွေကို အလွယ်တကူယူလို့ရအောင်…။

ခရီးသွားတဲ့အခါမှာ ကိုယ်လိုအပ်တာလေးတွေကို အလွယ်တကူနဲ့ယူလို့ရအောင်၊ သပ်သပ်ရပ်ရပ်လေးလည်းထားလို့ရအောင် ပုံထဲကအတိုင်းလေးအဆင့်ဆင့် လုပ်သွားလိုက်ရုံပါပဲနော်…။

၅။ ကားထဲက Aircorn ကြားတွေကို သန့်စင်ဖို့…။

ကားထဲက Aircorn ကြားမှာ ဖုန်တွေကပ်နေတတ်ပါတယ်။ ဒီလိုဖုန်တွေကို သန့်စင်ဖို့ တုတ်ချောင်းလေးမှာ ဖော်ပြားသေးသေးလေးကပ်လိုက်ရင် အဆင်ပြေပါတယ်။ ပြီးရင်တော့ ကြားလေးတွေကို သုတ်ပြီး သန့်စင်လိုက်ရုံပါပဲ။






we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။