ချိုင်းဖြူချင်တဲ့ အမျိုးသမီးတွေအတွက် အလွယ်ကူဆုံးနည်းလမ်း

Listerine Cool Mint ဟာ ခံတွင်းသန့်စင်တဲ့ဆေးရည်ဆိုတာကို လူတိုင်းသိကြမယ်ထင်ပါတယ်။ ဒါပေမယ့် သူက ခံတွင်းတစ်ခုတည်းအတွက် အကျိုးရှိရုံသာမက အမျိုးသမီးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ချိုင်း၊ ခြေခုံနဲ့ ဒူးမဲတာတွေအပြင် ကြေးချွတ်တဲ့နေရာမှာလည်း အလွယ်တကူအသုံးပြုနိုင်ပါတယ်။ ပိုက်ဆံငွေကုန်ကြေးကျ မများသလိုအလုပ်လည်းမရှုပ်ပါဘူးနော်။

သင့်ချိုင်းအတွက်အသုံးပြုချင်ရင်တော့

Listerine Cool Mint ဆေးရည်ကို  ဆေးဘူးအဖုံးတစ်ခွက်ထည့်ပါ။ ထည့်ပြီးသွားရင် အဲ့ဒီဆေးရည်ခွက်ထဲသို့ သန့်ရှင်းသောဂွမ်း (သို့) သွားပွတ်တံလေးနစ်ပေးပါ။ ဆေးရည်နှစ်ထားတဲ့ဂွမ်း (သို့) သွားပွတ်တံကို သင့်ချိုင်းမှာပွတ်တိုက်ပေးခြင်းအားဖြင့် ချိုင်းကိုဖြူစေပါတယ်။

နောက်တစ်မျိုးကတော့ အိမ်မှာ လွယ်လွယ်ကူကူ လုပ်လို့ ရမယ်နည်းလမ်းလေးပါပဲ။ သံပုရာသီးနဲ့ဆားရှိရင်လုံလောက်ပါပြီ။ သံပုရာသီးကို အလယ်ကနေ ပိုင်းလိုက်ပါ။ ပိုင်းလိုက်တဲ့ သံပုရာသီးကို ဆားနဲ့ အုံပြီး ချိုင်းမှာပွတ်လိမ်းပေးခြင်းအားဖြင့် သင့်ချိုင်းကိုဖြူစေပါတယ်။

အာလူးသုံးပါ။ အာလူးမှာ သဘာဝအစွန်းချွတ်နိုင်တဲ့ သတ္တိပါဝင်ပါတယ်။ သဘာဝဖြစ်တဲ့အတွက်  တခြားဓာတုအစွန်းချွတ်ဆေးတွေလို  အရေပြားကို ပျက်စီးစေခြင်းမရှိပါဘူး။ အာလူးကို ပါးပါးလေးလှီးပြီး ချိုင်းနားမှာကပ်ပေးပါ။ ၁၅ မိနစ်လောက်နေရင် ရေခပ်နွေးနွေးလေးဖြင့် ဆေးပေးလိုက်ပါ။

 

ဘေကင်ဆိုဒါကိုသုံးခြင်းဖြင့်လည်း သင့်ချိုင်းလေးတွေကို ဖြူဖွေးလာစေပါတယ်။ ဘေကင်ဆိုဒါထဲကို ရေနဲနဲဖြင့် ခပ်ပျစ်ပျစ်အနှစ်လေးရအောင်မွှေပါ။ ထို့နောက် ချိုင်းကိုသုတ်လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပေးပြီး ရေဖြင့်ဆေးချပြီး အဝတ်ဖြင့်သုတ်ပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လောက်လုပ်ပေးသင့်ပါတယ်။ 

 

သံလွင်ဆီလေးသုံးကြမယ်။ မီးဖိုချောင်မှာ ရှိတတ်ကြတဲ့ သံလွင်ဆီလေးနဲ့လည်း ချိုင်းလေးကို ဖြူအောင်လုပ်လို့ရပါတယ်။သံလွင်ဆီ စားပွဲတင်ဇွန်း (၃)ဇွန်း၊ သကြားညို (၁)ခွက် တို့ကိုရောနှောပါ။ ထို့နောက် ချိုင်းကို ရေဖြင့်စိုစွတ်အောင်ပွတ်ပေးပါ။ ထို့နောက် သလွင်ဆီနဲ့သကြားရောထားသောဆီကို သုတ်လိမ်းပါ။ (၅) မိနစ်ထားပြီး ရေဖြင့်ဆေးကြောပေးပါ။ ရေမချိုးခင်သုတ်လိမ်းခြင်းဖြင့် ဆီတွေ သင့်အဝတ်ကို စွန်းပေခြင်းမှ ကင်းဝေးစေပါလိမ့်မယ်။

  အခုပြောလိုက်တဲ့ နည်းလမ်းလေးတွေကို နှစ်ရက်တစ်ခါ ပုံမှန်လုပ်ပေးခြင်းဖြင့် သင့်ချိုင်းသားလေးတွေ အရင်ကထက်ပိုဖြူလာပြီး ထူးခြားလာတာကိုတွေ့ရမှာပါ...။