ဘိုစာကြိုက်တဲ့သင့်ရဲ့ခွေးလေးတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာ (၃) မျိုး

တချို့ခွေးလေးတွေက သူတို့ရဲ့အစာထက် သူတို့ကို သီးသန့်လုပ်ကျွေးတဲ့ အကောင်းစား အစာလေးတွေကိုမှ ကြိုက်တတ်ကြပါတယ်။ ဒီလို အကောင်းစား အစာလေးတွေ၊ ဘိုစာလေးတွေကို ကြိုက်တတ်တဲ့ ခွေးလေးတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာ (၃) မျိုးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။
သင်မွေးထားတဲ့သင့်ရဲ့ခွေးလေးကလည်း ဒီလိုဘိုစာလေးတွေကို ကြိုက်တတ်ရင်တော့ ဒါလေးကို ဆုံးတဲ့အထိ ဖတ်ကြည့်လိုက်ဦးနော်…။

၁။ ပန်းကန်လုံးထဲကို gelatin - စားပွဲတင်ဇွန်း (၃) ဇွန်း၊ ရေ - ခွက်သေးလေးတစ်ခွက်စာနဲ့ ကြက်ပြုတ်ရည် - ခွက်တစ်ဝက်စာထည့်ပြီး မွှေလိုက်ပါ။ ပြီးရင်တော့ ခဏအအေးခံထားလိုက်ပါ။

ကိုယ်ကြိုက်နှစ်သက်ရာ ပုံစံခွက်လေးထဲကို ချက်ပြီးသား ခွေးဆန် - လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာစီ လိုက်ထည့်ပါ။ ပြီးရင်တော့ ခုနက အအေးခံထားတဲ့ ကြက်ပြုတ်ရည်ကို ထည့်ပြီး၊ ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်ပါ။

ဒါဆိုရင်တော့ ဂျယ်လီတုံးလေးလို ပျော့ပျော့လေးဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။ ဒါကတော့ ပထမအစာပေါ့…။

၂။ ပန်းသီးတစ်ခြမ်းကို အတုံးသေးသေးလေးတွေတုံးပြီး နုတ်နုတ်စင်းပေးပါ။ ပြီးရင်တော့ ပန်းကန်လုံးထဲထည့်ပြီး၊ ကြက်ဥ - တစ်လုံးခလောက်ထည့်ပါ။ Peanut butter ကိုလည်း စားပွဲတင်ဇွန်း (၃) ဇွန်းစာထည့်ပြီး မွှေပေးပါ။

ပြီးရင်တော့ ခုနကလိုပဲ ကိုယ်ကြိုက်နှစ်သက်ရာ ပုံစံခွက်လေးထဲထည့်ပြီး၊ မုန့်ဖုတ်စက်ထဲမှာ (၃၅၀) ဒီဂရီ ဖာရင်ဟိုက်ထားကာ မိနစ် (၂၀) ထည့်ထားပေးပါ။

မိနစ် (၂၀) ပြည့်ရင်တော့ ဒုတိယအစာရပါပြီ….။

၃။ ပန်းကန်လုံးအကြီးထဲကို ငှက်ပျောသီးတစ်လုံးထည့်ကာ ချေပေးပါ။ ပြီးရင် ဒိန်ချဉ် - ခွက်တစ်ဝက်စာနဲ့ peanut butter - ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာလောက် ထည့်ပြီးမွှေပေးပါ။

ပြီးရင်တော့ ပုံထဲကအတိုင်း အိတ်လေးထဲထည့်၊ အိတ်ရဲ့ထိပ်ကိုဖောက်ပြီး၊ ကိုယ်ကြိုက်နှစ်သက်ရာ ပုံစံခွက်ထဲ ညှစ်ထည့်ပါ။ ပြီးရင် ရေခဲသေတ္တာထဲမထည့်ပဲ (၁) နာရီလောက် အပြင်မှာပဲ အအေးခံထားလိုက်ပါ။

ဒါဆိုရင်တော့ တတိယအစာကို ရရှိပါပြီ…။




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။