အမေရိကန်နိုင်ငံက ဆန္ဒထုတ်ဖော်နေတဲ့လူထုကြားမှာ မင်္ဂလာပွဲဆင်နွှဲခဲ့ကြတဲ့ စုံတွဲ

အမေရိကန်ပြည်ထောင်စု၊ Philadelphia က စုံတွဲတစ်တွဲဟာ Black Lives Matter ဆန္ဒဖော်ထုတ်သူတွေကြား မှာ မင်္ဂလာဆောင် ကျင်းပခဲ့ပါတယ်။ သူတို့စီစဉ်ထားတဲ့ မူလမင်္ဂလာပွဲဟာ Coronavirus ကူးစက်ပျံ့နှံ့မှုတွေ ကြောင့် ဆိုင်းငံ့ထားခဲ့ရတာ ဖြစ်ပါတယ်။


Image Credit: Instagram

Dr. Kerry Anne Perkins နဲ့ Michael Gordon တို့စုံတွဲဟာ ပြီးခဲ့တဲ့စနေနေ့တုန်းက Logan Hotel ရဲ့အပြင်ဘက်မှာ George Floyd အရေးအတွက် ချီတက်ဆန္ဒပြနေတဲ့ကြတဲ့ လူရာပေါင်းများစွာကြားမှာ မင်္ဂလာ အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြပါတယ်။


Image Credit: The Philadelphia Inquirer

Perkins စုံတွဲကို ဆန္ဒဖော်ထုတ်သူတွေကဝန်းရံပြီး လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။ Instagram မှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုအရဆိုရင် သူတို့စုံတွဲဟာ လက်ချင်းတွဲထားပြီး ကျန်တဲ့လက်တစ်ဖက်စီကို မြှောက်ကာ ခပ်တင်း တင်း လက်သီးဆုပ်ထားခဲ့ကြပါတယ်။ အဲဒီအချိန်မှာ နောက်ခံ ဒရမ်တီးလုံးသံလည်း ထွက်ပေါ်လာပါတယ်။


Image Credit: The Philadelphia Inquirer

အဲဒီနောက်မှာတော့ သူတို့စုံတွဲဟာ ဆန္ဒထုတ်ဖော်သူတွေနဲ့အတူ City Hall အထိ လိုက်ပါချီတက်ခဲ့ကြပါတယ်။ မမျှော်လင့်ဘဲ ကျင်းပဖြစ်လိုက်တဲ့ အဲဒီမင်္ဂလာပွဲလေးဟာ သူတို့မူလစီစဉ်ထားတာထက်တောင် ပိုမိုစည်ကားသွားခဲ့ပါတယ်။


Image Credit: Instagram

သူတို့စုံတွဲဟာ ပထမတော့ Logan Hotel မျက်နှာစာမှာ ဓာတ်ပုံရိုက်ခဲ့ကြတာဖြစ်ပြီး နောက်ပိုင်းကျမှ ဆန္ဒ ထုတ်ဖော်နေကြတဲ့ လူထုထဲ အထိသွားရောက်ကာ အခုလိုမင်္ဂလာပွဲဆင်နွှဲခဲ့ကြတာပါ။ လူထုကလည်း သူတို့နှစ်ဦးကို လက်ခုပ်တီးသြဘာပေးပြီး ချီးမြှောက်ဂုဏ်ပြုခဲ့ ကြတာကြောင့် သူတို့အတွက်တစ်သက်မမေ့နိုင်စရာ ပျော်စရာမင်္ဂလာပွဲတစ်ခု ဖြစ်သွားစေခဲ့ပါတယ်။


Image Credit: AP

Perkins နဲ့ Gordon တို့ရဲ့ မင်္ဂလာပွဲဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာတွေမှာ အများအပြားမျှဝေခဲ့ကြသလို သူတို့ နှစ်ဦးရဲ့သတင်းဟာလည်း နိုင်ငံတကာသတင်းမီဒီယာတွေထက်မှာ နေရာယူသွားခဲ့ပါတယ်။

Katie Scarlett
We Media

Source: Daily Mail

Original Link: https://www.dailymail.co.uk/news/article-8396659/Couple-celebrate-wedding-George-Floyd-protesters-Philadelphia.html?fbclid=IwAR1lV0nrnkEwbxvIuvm6lh8eR-D-yhanmM1CR-oVVrLUfs8efWFiCBzM-Dc


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။