မလေးရှားဆန်ပြားခေါက်ဆွဲကြော်

ဒီတစ်ခေါက်မှာတော့ ခေါက်ဆွဲချစ်သူပရိတ်သတ်တွေအတွက် မလေးရှားခေါက်ဆွဲကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ဆန်ပြားကြာဇံနဲ့ ကြော်ရတာဖြစ်တာကြောင့် စားပြီးအီသွားမှာကိုလည်း စိုးရိမ်စရာမလိုတော့ပါဘူး...

Photo credit - SBS

ပါဝင်ပစ္စည်း

ဆန်ပြားခေါက်ဆွဲ - တစ်ပန်းကန်

ကြက်သွန်ဖြူ - ၂ မွှာ

ကြက်အူချောင်း - ၁ ချောင်း

ပုဇွန် - ၆ ကောင်

ငါးအသားချောင်း (Fish Cake) - ၁ ခု

ပဲပင်ပေါက် - လက်တဆုပ်စာ

ကြက်သွန်မြိတ် - ၁ ပင်

ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း ၂ ဇွန်း

ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း ၁ ဇွန်း

ငံပြာရည် - ထမင်းစားဇွန်းဝက်

ခရုဆီ -  ထမင်းစားဇွန်းဝက်

ငရုတ်ကောင်းမှုန့် -  ထမင်းစားဇွန်းဝက်

အရသာမှုန့် - အနည်းငယ်

သကြား - လက်ဖက်စားဇွန်း ၁ ဇွန်း

ကြက်ဥ - ၁ လုံး

Photo credit - packist.com

ပြုလုပ်နည်း

- ပထမဦးဆုံး ပုဇွန်တွေကို အခွံခွာသန့်စင်ထားပါ။ ကြက်အူချောင်းနဲ့ ငါးအသားချောင်းကို လှီးထားပါ။

- ကြက်သွန်ဖြူကို ထောင်းထားပါ။ ကြက်သွန်မြိတ်ကို လှီးထားပါ။

- ပဲငံပြာရည် အကြည်၊ အနောက်၊ ငံပြာရည်၊ ခရုဆီ၊ ငရုတ်ကောင်းမှုန့်၊ သကြား၊ အရသာမှုန့်တွေကို ရောမွှေထားပါ။

Photo credit - vkeong.com

- ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ဆီဆူလာရင် ကြက်သွန်ဖြူ၊ ကြက်အူချောင်းတွေအရင်ကြော်ပါ။

- ပြီးရင် ငါးအသားချောင်း၊ ပုဇွန်တွေထည့်ပါ။ ဆန်ပြားခေါက်ဆွဲပါ ထည့်ကြော်ပါ။

- ပြီးသွားရင်တော့ စောနကစပ်ထားတဲ့ အရသာအနှစ်တွေကိုထည့်ပြီး ကြော်ပေးပါ။ 

Photo credit - pinky piggu

- ကြော်နေစဉ် ကြက်ဥတစ်လုံးဖောက်ထည့်ပြီး ရောသမသွားအောင်မွှေပေးပါ။ ကျက်ခါနီးရင် ကြက်သွန်မြိတ်၊ ပဲပင်ပေါက်ထည့်ကြော်ပါ။

- အားလုံးပြီးသွားရင်တော့ ရှာလကာအချဉ်လေးနဲ့ တွဲဖက်စားနိုင်မယ့် မလေးရှားဆန်ပြားခေါက်ဆွဲကြော်လေး ရပြီဖြစ်ပါတယ်။

Ref; Nyonya Cooking

Psyche (We Media)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။