မထင်မှတ်ထားတဲ့ ဖရုံစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

အစာပြေစားစရာလို့သာ သိထားတဲ့ ဖရုံစေ့သေးသေးလေးတွေရဲ့ အံ့မခန်းကျန်းမာရေးအကျိုးကျေးဇူးတွေကို သင်သိပြီးပြီလား။ ဒီတော့ ဖရုံစေ့လေးတွေက ဘာရောဂါတွေအတွက် ကောင်းလည်းဆိုတာကို လေ့လာကြည့်လိုက်ရအောင်...

Photo credit - simply recipes

၁။ ဖရုံစေ့လေးတွေမှာ magnesium ဓာတ်တွေများစွာပါဝင်တာမို့ အရိုးအဆစ်တွေကို သန်မာထွားကျိုင်းစေပြီး အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာတက်တဲ့ အရိုးပွရောဂါခြင်းကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

Photo credit - clean delicious

၂။ ဖရုံစေ့စားပေးခြင်းက ဆီးချိုရောဂါကို သက်သာစေနိုင်ပြီး အုပ်စု (၂) ဆီးချိုရောဂါကိုလည်း မဖြစ်စေနိုင်ပါဘူး။

၃။ ဖရုံစေ့မှာ omega-3၊ omega-6 fatty acids၊ antioxidants၊ fiber စတဲ့ ဓာတ်တွေပါဝင်နေခြင်းကတော့ မကောင်းတဲ့ cholesterol ဓာတ်ကို လျှော့ချပေးနိုင်ပြီး နှလုံးရောဂါအပြင် အသည်းရောဂါများမဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

Photo credit - gardening

၄။ ဖရုံစေ့စားပေးရင် အစာတင်းတိမ်းခြင်းကို ခံစားရစေပြီး အစာခြေစနစ်ကို ကောင်းမွန်စေနိုင်တာကြောင့် သင့်ရဲ့ ခန္တာကိုယ်ဝိတ်ကို ထိန်းပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ဝိတ်ချနေသူတွေအနေနဲ့ ဖရုံစေ့စားလို့ရပါတယ်။

၅။ အကယ်လို့ သင်ဟာ ညဘက်ကောင်းမွန်စွာ အိပ်ပျော်ချင်တယ်ဆိုရင်တော့ ညအိပ်ရာမဝင်ခင် ဖရုံစေ့ကို စားပေးနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ဖရုံစေ့မှာပါဝင်တဲ့ tryptophan ဓာတ်က သင့်ကို နှစ်ခြိုက်စွာအိပ်ပျော်စေဖို့ ကူညီပေးနိုင်လို့ပါ။

Photo credit - the spruce eats

၆။ ကိုယ်ဝန်ဆောင်နေချိန်အတွင်း ဖရုံစေ့စားပေးရင်တော့ ကိုယ်ဝန်ဆောင်နေချိန်မှာ ဖြစ်ပေါ်တက်တဲ့ ရောဂါတွေမဖြစ်ပွားအောင် ကူညီပေးပါလိမ့်မယ်။

Ref; medical news today

Psyche (We Media)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။