ကောင်းမွန်တဲ့ အစားအသောက်ပုံလေးဖြစ်အောင် ဓာတ်ပုံရိုက်နည်း (၄) နည်း…

     တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ သူများတွေနဲ့တန်းတူလိုက်မှီအောင် ကြိုးစားဖို့ကလည်း အရေးကြီးပါတယ်…။ အခုခေတ်ကလည်း အင်တာနက်ခေတ်ဆိုတော့ အင်တာနက်စာမျက်နှာတွေပေါ်မှာ ဓာတ်ပုံတွေတင်ကြ၊ Instagram နဲ့ Facebook မှာအများဆုံးတင်ကြတာများပါတယ်…။ အခုခါမှာ MyDay ဆိုပြီး Facebook နဲ့ Instagram  မှာပါလာတော့ ကိုယ်ရဲ့တစ်နေ့တာလေးတွေကို အမှတ်တရအနေနဲ့ တင်ကြတာပေါ့…။

ဒီလိုနေရာမှာ ကိုယ်စားတဲ့အစားစာလေးတွေ ကိုယ်သွားတဲ့နေရာလေးတွေကို ရိုက်တင်ကြပါတယ်…။ ဒီလိုရိုက်ပြီးတင်ရင် အစားအသောက်ပုံလေးတွေဆိုရင်လည်း ဘယ်လိုလေးကြည့်လို့ကောင်းအောင် ရိုက်မလဲဆိုတာလည်း လိုအပ်ပါသေးတယ်….။

၁. အလင်းရောင်ကို အရင်ချိန်ညှိပါ…။

     ဓာတ်ပုံရိုက်မယ်ဆိုရင် အလိုအပ်ဆုံးကတော့ အလင်းရောင်ပဲဖြစ်ပါတယ်…။ အစားစာတွေကို ဓာတ်ပုံရိုက်ပြီးတင်မယ်ဆိုရင်တော့ လိုအပ်တဲ့အလင်းရောင်ရရှိဖို့က အရေးကြီးတယ်နော်…။ ဆိုင်တစ်ဆိုင်ကိုသွားပြီဆိုရင်တော့ ကိုယ်ကအစားစာတွေကို ဓာတ်ပုံရိုက်ပြီးတင်နေကြသူဆိုရင် ထိုင်မယ့်နေရာကို ရွေးတာကလည်းအရေးကြီးပါတယ်…။ ကိုယ်ထိုင်မယ့်နေရာက အလင်းရောင်ကောင်းကောင်းရတဲ့နေရာကို ယူနိုင်ရင်အဆင်ပြေပါပြီ…။ အပြင်ဘက်နေရောင်ခြည်ကို ကောင်းကောင်းရနေတဲ့နေရာမျိုးဆိုရင် အဆင်ပြေပါတယ်နော်…။

၂. သေချာပြင်ဆင်ပါ…။

     ဓာတ်ပုံရိုက်တယ်ဆိုတာကလည်း အနုပညာတစ်ခုပါပဲ…။ ဓာတ်ပုံကောင်းကောင်းတစ်ပုံရဖို့ဆိုရင် ပြင်ဆင်တတ်ဖို့ကလည်း လိုအပ်ပါသေးတယ်…။ အစားအသောက်ပုံတွေရိုက်တယ်ဆိုရင်လည်း ဒီတိုင်းရိုက်လိုက်ရုံနဲ့မပြီးပါဘူး…။ သေချာပြင်ဆင်တတ်ဖို့ကလည်း အရေးကြီးပါသေးတယ်…။ ဓာတ်ပုံထဲမှာလှလှပပလေးဖြစ်နေဖို့အတွက်ဆိုရင်တော့ ကိုယ့်ကိုလာချပေးတဲ့ အစားအသောက်ပန်းကန်တွေကို သေချာစီစဉ်…လှပအောင်လုပ်ပြီးရိုက်ရပါမယ်နော်…။

၃. လျှင်မြန်ရမယ်…။

     ဓာတ်ပုံရိုက်တာ လျှင်မြန်ဖို့လိုလို့လားလို့ မေးတဲ့သူတွေလည်းရှိပါတယ်…။ ဒီလိုမေးခွန်းတွေမေးတဲ့သူတွေအတွက် အဖြေကတော့ရှိပြီးသားပါ…။ ဓာတ်ပုံတွေရိုက်တာ ကောင်းကောင်းမွန်မွန် ရိုက်ချင်တဲ့သူတွေအတွက် မြန်မြန်မစီစဉ်ပဲ သေသေချာချာ ရိုက်နေလို့တော့မရဘူးလေနော်…။ ဥပမာ ရေခဲလေးတွေပါနေတဲ့ ပုံလေးပါရိုက်ချင်တယ်ဆိုရင် မြန်မြန်မရိုက်ပဲ အချိန်ပေးပြီး သေချာပြင်ဆင်နေမယ်ဆိုရင်လည်း ကောင်းတဲ့ပုံမျိုးရနိုင်မှာ မဟုတ်ပါဘူး…။

၄. အလှဆင်ပါ…။

     အစားသောက်တွေကိ ပိုပြီးကြည့်ကောင်းတဲ့ ပုံစံလေးဖြစ်အောင် အလှဆင်လို့ရပါတယ်…။ အစားအသောက်တွေပြင်ဆင်ထားတဲ့ စားပွဲပေါ်မှာ အရောင်လေးကိုပိုပြီး လင်းစေမယ့်ပန်းလေးတွေနဲ့ အလှဆင်ပြီးရိုက်မယ်ဆိုရင်တော့ သင့်အစားအသောက်လေးတွေကိ ပိုပြီးဆွဲဆောင်မှုရှိနေစေမှာပါ…။

Save

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။