၀န်ထမ်းအား တံတွေးဖြင့်ထွေးပြီး ဆဲဆိုခဲ့သော အမျိုးသမီးအား KFC မှ တရားစွဲဆို

KFC ဝန်ထမ်းတစ်ဦးကို တံတွေး နဲ့ထွေးပြီး ကြမ်းတမ်းတဲ့စကားတွေပြောဆိုခဲ့တဲ့ အမျိုးသမီးကို ဇွန်လ(၁၀)ရက်နေ့မှာ တရားစွဲဆိုခဲ့ပါတယ်။


image credit - SCMP

အဲဒီအမျိုးသမီးနာမည်က လင်ဆီတင် (Lin Si Ting) ဖြစ်ပြီး အသက်ကတော့ ၄၂ နှစ်ပါ။ သူမဟာ KFC ဝန်ထမ်းဖြစ်တဲ့ ဘင်နီဂါ အန်နိုလူ ဂေါမက်ဇ် ကို "နင်ရော၊ နင့်မိသားစုပါ သေဖို့ပြင်ထား" စတဲ့စကားလုံးတွေပြောဆိုခဲ့ပြီး တံတွေးနဲ့ထွေးခဲ့တာဖြစ်တယ်။


image credit - CNA

အဲ့ဒီဖြစ်ရပ်ဟာ စင်ကာပူနိုင်ငံ၊ Serangoon ခရိုင်က NEX ကုန်တိုက်မှာ ဧပြီ ၂၂ ရက်ကဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်အတွင်းမှာ မစ္စလင်းမ် ဟာ မျက်နှာဖုံးကို မေးစေ့ဖုံးရုံသာတပ်ဆင်ထားခြင်း၊ social distancing မလိုက်နာခြင်း စတဲ့ချိုးဖောက်မှုတွေပါတွေ့ခဲ့ရပြီး သူမဘက်က ရှေ့နေလိုက်မယ့်သူမရှိပါဘူး။


image credit - yahoonews

ဒါဟာ စင်ကာပူနိုင်ငံကချမှတ်ထားတဲ့အက်ဥပဒေတွေအရ ရာဇဝတ်မှုမြောက်တာကြောင့် သူမအနေနဲ့ ထောင်ဒဏ်သုံးလအပြင် စင်ကာပူဒေါ်လာ ၁၅၀၀ ပါ ပေးဆောင်ရဖို့များနေပါတယ်။ နှောင့်ယှက်မှုဖြစ်စေတဲ့၊ ကြမ်းတမ်းတဲ့စကားလုံးတွေပြောဆိုခြင်းက ထောင်ဒဏ်ခြောက်လ(ဒါမှမဟုတ်)ဒေါ်လာ ၅၀၀၀ အထိချမှတ်နိုင်သလို နှစ်ခုစလုံးလည်းဖြစ်နိုင်ပါတယ်။ မျက်နှာဖုံးစနစ်တကျမတပ်ဆင်တဲ့ပြစ်မှုကတော့ ဒေါ်လာ ၁၀၀၀၀ နဲ့ ထောင်ဒဏ်ခြောက်လအထိကျခံနိုင်ပါတယ်။

Gabriel (Content Writer)
WE Media
Source - Channel News Asia
Original Link - https://www.channelnewsasia.com/news/singapore/kfc-spitting-woman-covid-19-circuit-breaker-claim-trial-12821894

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။