အခြေခံစာသင်ကျောင်းများသာယာလှပရေး တပ်မတော်ဆောင်ရွက်


image credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ညောင်ကုန်းကျေးရွာနှင့် ရေအိုးစဉ်ကျေးရွာတို့ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျောက်ကြီးတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက ကျောင်းဝင်းများအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ပိုးသတ်ဆေးဖျန်းပေးခြင်း စသည့်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Gabriel (Content Writer)
WE Media
Source - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။