ထပ်တိုးအတည်ပြုလူနာသစ် (၁၁) ဦးတွေ့ရှိ

ဇွန်လ(၁၀)ရက်နေ့၊ည(၈)နာရီ ကျန်းမာရေးနဲအားကစားဝန်ကြီးဌာနထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာစုစုပေါင်း (၁၂၉၇) ခုကို စစ်ဆေးခဲ့ရာမှာ ပိုးတွေ့အတည်ပြုလူနာသစ် (၁၁)ဦးကိုတွေ့ရှိခဲ့ရပါတယ်။


image credit - MOHS

image credit - MOHS

ပိုးတွေ့လူနာတွေထဲက (၁၀) ဦးဟာ ရန်ကုန်တိုင်းဒေသကြီးကဖြစ်ပြီး (၁) ဦးကတော့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ကဖြစ်ပါတယ်။ အတည်ပြုလူနာ (၁၁) ဦးစလုံးဟာ ပြည်ပကိုခရီးသွားရာဇဝင်ရှိသူတွေဖြစ်ပြီး ဘူးသီးတောင်၊ တောင်ဒဂုံ နဲ့ ဗိုလ်တထောင်မြို့နယ်တွေမှာ အသွားအလာကန့်သတ်ထားသူတွေဖြစ်ကြပါတယ်။

ရန်ကုန်တိုင်းမှ ရောဂါပိုးတွေ့ရှိသူများ
- Case 252...အသက် ၁၅နှစ်၊ ကျား၊ ပုစွန်တောင်
- Case 253...အသက် ၁၀နှစ်၊ မ၊ ပုစွန်တောင်
- Case 254...အသက် ၂၂နှစ်၊ မ၊ ပုစွန်တောင်
- Case 255...အသက် ၁၇နှစ်၊ မ၊ ပုစွန်တောင်

လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးကလူနာတွေကို တောင်ဥက္ကလာအထူးကုဆေးရုံကြီး နဲ့ ရခိုင်ပြည်နယ်ကလူနာကိုတော့ ဘူးသီးတောင်ပြည်သူ့ဆေးရုံ အသီးသီးကိုတင်ပို့ကုသမှာဖြစ်ပါတယ်။

- ဇွန်လ(၈)ရက်နေ့၊ည(၈)နာရီအထိ မြန်မာနိုင်ငံရဲ့ ကိုဗစ်၁၉အတည်ပြုလူနာဦးရေက (၂၆၀) ဦးဖြစ်ပါတယ်။
- ပိုးတွေ့လူနာတွေထဲက နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့သူ နဲ့ ပိုးကင်းစင်သူဦးရေက (၁၆၅) ဦးဖြစ်ပါတယ်။
- ဆေးရုံကပြန်ဆင်းခွင့်ရသူကတော့ (၁၅၀) ဦးဖြစ်ပါတယ်။
- သေဆုံးသူကတော့ လက်ရှိအချိန်အထိ (၆) ဦးရှိပါတယ်။

Gabriel (Content Writer)
WE Media
Source - MOHS

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။