မြန်မာနိုင်ငံရဲ့ ကိုဗစ်အခြေအနေဘယ်လိုရှိပါသလဲ(ဇွန်လ ၁၃ထိ)

မြန်မာနိုင်ငံမှာ ယနေ့အထိဆေးစစ်မှုပေါင်း ၄၇၇၁၀ လုပ်ပြီးချိန်မှာ ပိုးတွေ့လူနာ ၂၆၁ ဦး၊ နေပြန်ကောင်းသူ ၁၆၇ ဦး၊ သေဆုံး ၆ ဦးရှိပြီး လူပေါင်း ၄၇၄၄၉ ဦးမှာ ရောဂါပိုးကင်းစင်ခဲ့ပါတယ်။ နိုင်ငံခြားကကူးစက်သူ ၉၇ ဦးရှိပါတယ်။ နေပြန်ကောင်းသွားသူတွေထဲက တကျော့ပြန်ရောဂါပိုးမတွေ့ရတာကလည်း ဝမ်းသာစရာ ကောင်းပါတယ်။


တိုင်းနဲ့ ပြည်နယ်အလိုက်ပြောရရင် ရန်ကုန်နဲ့ ချင်းပဲ ဆယ်ဦးအထက်ရှိပါတယ်။ ရန်ကုန်တိုင်းမှာ ပိုးတွေ့လူနာ ၂၀၁ ဦးရှိပြီး နေပြန်ကောင်းသူ ၁၂၉ဦး၊ သေဆုံးသူ ငါးဦးရှိပါတယ်။ 

ချင်းပြည်နယ်မှာ ဆယ်ဦးတွေ့ခဲ့ပေမယ့် ငါးဦး ပြန်လည်ကောင်းမွန်နေပြီဖြစ်ပါတယ်။ မကွေးတိုင်း၊ ရှမ်းတောင်နဲ့ ကရင်ပြည်နယ်မှာ ကုသနေသူ တစ်ဦးစီပဲရှိပါတယ်။ 

ပြည်နယ်တွေထဲမှာ ရခိုင်ပြည်နယ်ပဲ နေပြန်ကောင်းသူတွေ့ဖို့ကျန်ပါတော့တယ်..။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ နေပြန်ကောင်းသူတွေ ရှိ​နေပါပြီ။ လက်ရှိ Q ဝင်တဲ့သူတွေထဲမှာတော့ မကွေးတိုင်းမှာ နိုင်ငံခြားပြန် ၃၀၀၀ နီးပါး၊ စစ်ကိုင်းမှာ ၁၀၀၀ နီးပါးရှိပါတယ်။ Q ဝင်နေတဲ့သူ အားလုံးနီးပါးရောဂါကင်းစင်ဖို့ မျှော်လင့်နေပါတယ်။ ပြည်တွင်းကူးစက်မှုမရှိရင် စိုးရိမ်စရာတော့မရှိပါဘူး။


မေလ ၁၀ ရက်နေ့နောက်ပိုင်း ရောဂါပိုးပိုစစ်နိုင်ပြီး ခုဆိုရင် ၂၀၀၀ နီးပါးစစ်နိုင်ပြီဖြစ်ပါတယ်။

လက်ရှိကုသမှုခံယူ​နေတဲ့ လူနာစာရင်းကျဆင်းလာပြီး ပြန်လည်ကောင်းမွန်လာသူ တိုးလာတာ မင်္ဂလာတစ်ပါးဖြစ်ပါတယ်။

Ref - MOHS

photo - MPA


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။