
ကွယ်လွန်သူ ဘောလိဝုဒ်မင်းသားချော Sushant Singh Rajput ဖြတ်သန်းခဲ့တဲ့ ဘဝခရီးလမ်း
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က ဘောလိဝုဒ်ရုပ်ရှင်လောကအတွက် ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ အသက် ၃၄ နှစ်အရွယ်သာ ရှိသေးတဲ့ ဘောလိဝုဒ်မင်းသားချော Sushant Singh Rajput တစ်ယောက် ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားခဲ့တာပါပဲ။ အဲဒီသတင်းကြောင့် ဘောလိဝုဒ်ရုပ်ရှင် ပရိသတ်တွေကြားမှာလည်း ထိတ်လန့်တုပ်လှုပ်စရာဖြစ်သွားခဲ့ပါတယ်။
Image Credit: Pinterest
Sushant Singh Rajput တစ်ယောက် သူ့ရဲ့ ၃၄ နှစ်တာ ဘဝခရီးကို ဘယ်လိုဖြစ်သန်းခဲ့သလဲ?
Rajput ကို ၁၉၈၆ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်နေ့က အိန္ဒိယနိုင်ငံ၊ Bihar နယ်၊ Patna မြို့တော်မှာ မွေးဖွားခဲ့ပါ တယ်။ သူ့အသက် ၁၆ နှစ်အရွယ်မှာ မိခင်ဖြစ်သူ သေဆုံးသွားခဲ့ပါတယ်။ နယူးဒေလီမှာ အထက်တန်းပြီးစီးခဲ့တဲ့ Rajput ဟာ ဒေလီနည်းပညာတက္ကသိုလ်မှာ အင်ဂျင်နီယာပညာကို လေ့လာသင်ယူခဲ့ပါတယ်။
Image Credit: Pinterest
ဒါပေမဲ့ နောက်ပိုင်းမှာ ပြဇာတ်နဲ့ကပွဲတွေမှာ ပါဝင်ခဲ့ပြီးနောက်မှာတော့ Rajput တစ်ယောက် အနုပညာဘက်ကို စိတ်ဝင်စားလာခဲ့ပါတယ်။ သရုပ်ဆောင်အလုပ်ကို လုပ်ကိုင်ဖို့အတွက် ကျောင်း ၃ နှစ်သာတက်ရောက်ခဲ့ပြီး ကျောင်းထွက်ခဲ့ပါတယ်။
Image Credit: Pinterest
သူ့ရဲ့ပထမဆုံးဇာတ်လမ်းအဖြစ် Kis Desh Mein Hai Meraa Dil (2008-2009) တီဗီစီးရီးမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ သူ့ရဲ့ ပွဲဦးထွက်ရုပ်ရှင်တွေအဖြစ် Kai Po Che! နဲ့ Shuddh Desi Romance တို့မှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။
Image Credit: Pinterest
၂၀၁၄ ခုနှစ်က မင်းသား Aamir Khan ခေါင်းဆောင်ပါဝင်တဲ့ နာမည်ကျော် PK ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ် ဆောင်ခဲ့ပြီး လူသိပိုများလာခဲ့တယ်လို့ ဆိုရမှာပါ။ ၂၀၁၆ ခုနှစ်မှာတော့ M.S. Dhoni: The Untold Story ရုပ်ရှင်မှာ ခေါင်းဆောင်ပါဝင်ခဲ့ပြီး အကောင်းဆုံးမင်းသားအဖြစ် Filmfare ဆုအတွက် ဆန်ခါတင်စာရင်း ဝင်ခဲ့ပါတယ်။ အဲဒီဇာတ်လမ်းဟာ ၂၀၁၆ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံးဘောလိဝုဒ်ရုပ်ရှင်များစာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။
Image Credit: Pinterest
သူခေါင်းဆောင်ပါဝင်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ရဲ့ Kedarnath နဲ့ ၂၀၁၉ ခုနှစ်ရဲ့ Chhichhore ရုပ်ရှင်တွေဟာလည်း ဝင်ငွေကောင်းပြီး လူသိများတဲ့ ဇာတ်လမ်းတွေ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာလည်း Netflix ကပြသခဲ့တဲ့ Drive အက်ရှင်ဇာတ်လမ်းမှာ ခေါင်းဆောင်ပါဝင်ခဲ့ပါတယ်။
Image Credit: Pinterest
Rajput နောက်ဆုံးရိုက်ကူးထားတဲ့ ရုပ်ရှင်ကတော့ ၂၀၂၀ ပြည့်နှစ်ရဲ့ Dil Bechara ပါပဲ။ အဲဒီဇာတ်လမ်းဟာ ၂၀၁၂ ခုနှစ်က John Green ရဲ့ The Fault in Our Stars ဝတ္ထုဇာတ်လမ်းကို အခြေတည်ပြီး ရိုက်ကူးပုံဖော် ထားတာပါ။ အဲဒီဇာတ်လမ်းကို ပြီးခဲ့တဲ့ မေလ ၈ ရက်က ရုံတင်ပြသဖို့ စီစဉ်ထားပေမဲ့ COVID-19 ကူးစက်ပျံ့နှံ့မှု ကြောင့် ရုံတင်ရက်ကို ခတ္တဆိုင်းငံ့ထားရပါတယ်။
Image Credit: Pinterest
မင်းသားချော Sushant Singh Rajput တစ်ယောက်ကတော့ သူနောက်ဆုံးရိုက်ကူးထားတဲ့ “Dil Bechara” ရုပ်ရှင် ရုံမတင်ရသေးခင်မှာပဲ သေဆုံးသွားခဲ့ရှာပါပြီ။ သူဟာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၄ ရက်နေ့က မွန်ဘိုင်းမြို့ Bandra မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားခဲ့တယ်လို့ သိရပါတယ်။
Image Credit: Pinterest
ဒါပေမဲ့ သူတကယ်သေဆုံးသွားရတဲ့ အကြောင်းအရင်းအမှန်ကိုတော့ သက်ဆိုင်ရာက စုံစမ်းနေကြဆဲ ဖြစ်ပါ တယ်။ သူဟာ အိမ်မှာ တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး စိတ်ကျရောဂါခံစားနေရတယ်လို့လည်း သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သတင်းတွေထွက်ရှိလာခဲ့ပါတယ်။
Image Credit: Pinterest
ဘယ်လိုအကြောင်းအရင်းကြောင့်ပဲ သေဆုံးရတာဖြစ်ဖြစ် သေချာတာကတော့ Sushant Singh Rajput ရဲ့ သေဆုံးမှုဟာ ဘောလိဝုဒ်ရုပ်ရှင်လောကအတွက်တော့ ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး သူ့ရဲ့ပရိသတ်အပေါင်းကိုလည်း အကြီးအကျယ်စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။
Katie Scarlett
We Media
Source: Wikipedia
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။