မိကျောင်းကိုက်ခံရသူရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဒေသခံတွေပြန်လည်ရယူ

အင်ဒိုနီးရှားနိုင်ငံ၊ လီမင်တန်​ဒေသမှာ မိကျောင်းကိုက်ခံရပြီး သေဆုံးသွားတဲ့ အသက် ၄၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်လည်ရှာဖွေတွေ့ရှိတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။


ပြီးခဲ့တဲ့ သောကြာနေ့ညက အင်ဒိုနီးရှားနိုင်ငံ ကလီမန်တန်ဒေသမှာ အသက် ၄၅နှစ်အရွယ် အမျိုးသမီးတစ်ဦး ငါးဖမ်းနေစဥ် မိကျောင်းဆွဲခံခဲ့ရပါတယ်လို့ အင်ဒိုနီးရှားမီဒီယာတွေမှာဖော်ပြခဲ့ပါတယ်။ အဆွဲခံရတဲ့အချိန် ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခဲ့ပေမယ့် လျင်မြန်လှတဲ့ မိကျောင်းဆွဲအားကြောင့် ကယ်လို့မရခဲ့ဘူးလို့ ရွာသားတွေကပြောပါတယ်။ 


၁၉ ပေရှည်တဲ့ လူသားစား မိကျောင်းကို ရွာသားတွေနဲ့ ရဲတပ်ဖွဲ့က နောက်ရက်မှာ ပြန်ဖမ်းပြီး ဗိုက်ထဲက အမျိုးသမီးရဲ့ ခန္ဓာကိုယ်အပိုင်းအဆတွေကို ထုတ်ယူခဲ့ကြပါတယ်။

ဗီဒီယိုမှတ်တမ်းတွေအရ ရွာသားတွေဟာ မိကျောင်းဗိုက်ကိုခွဲပြီး အမျိုးသမီးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရှာဖွေခဲ့ကြပါတယ်။ ထိုသို့ ပြန်လည်ရှာဖွေရာမှာ သေဆုံးသူ ဖာတီမက်ရဲ့ ခေါင်းနဲ့ အင်္ဂါအစိတ်အပိုင်းအချို့ကို ပြန်တွေ့ခဲ့တယ်လို့ ရွာသားတွေကပြောပါတယ်။ တာရာကန်ရဲအရာရှိတစ်ဦးက "ကျွန်တော်တို့ မိကျောင်းကို လိုက်ရှာပြီး သေနတ်နဲ့ပစ်သတ်လိုက်ပါ။ သေဆုံးသူအမျိုးသမီးရဲ့ အစိတ်အပိုင်းအချို့ကို ဝမ်းဗိုက်ထဲမှာတွေ့ပြီး တချို့ကို ရေထဲက ပြန်တွေ့ခဲ့ပါတယ်"လို့ပြောပါတယ်။


မိကျောင်းပြန်လည်ရှာဖွေဖို့အတွက် ရဲတပ်ဖွဲ့နဲ့ ရွာသားတွေပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး သေဆုံးသူရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မိသားစုဆီပြန်ပေးမယ်လို့ဆိုပါတယ်။ တာမင်တန်ဒေသမှာ မိကျောင်းတွေရှိနေသေးတဲ့အတွက်  ရွာသားတွေကို ရေထဲမဆင်းဖို့ သက်ဆိုင်ရာက သတိပေးနေပါတယ်။

Ref - Indo Times

Photo - Indo Times


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။