၁၀ နှစ်တာအိမ်ထောင်ရေးအဆုံးသတ်ပြီးနောက် Machine Gun Kelly နဲ့တွဲခုတ်နေတဲ့ Megan Fox

ဟောလိဝုဒ်ရဲ့နာမည်ကျော် ညှို့အားပြင်းမင်းသမီးချော Megan Fox နဲ့ နာမည်ကျော်အမေရိကန် အဆိုတော်/ Rapper တစ်ဦးဖြစ်တဲ့ Machine Gun Kelly တို့ဟာ တရားဝင်တွဲခုတ်နေကြပြီ ဖြစ်ပါတယ်။ အဲဒီအကြောင်းကို Machine Gun Kelly ကိုယ်တိုင်က သူ့ရဲ့ Twitter မှာ Megan ဟာ သူ့ရဲ့ ချစ်သူဖြစ်ကြောင်း အတည်ပြု ထားတာ ဖြစ်ပါတယ်။


Image Credit: Pinterest

သိပ်မကြာခင်တုန်းက Kelly ရဲ့ “Bloody Valentine” သီချင်းအတွက် Music Video မှာ Megan က ပါဝင် သရုပ်ဆောင်ပေးခဲ့ဖူးပါတယ်။  အဲဒီ MV ထွက်ရှိခဲ့ပြီးတဲ့နောက် မေလကတည်းက သူတို့နှစ်ဦးတွဲနေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။


Image Credit: Pinterest

ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ Kelly က Twitter မှာ “Bloody Valentine” သီချင်းထဲက စာသားတွေကိုပြန်လည် ရေးသားပြီး Megan နဲ့ သူ့ရဲ့အချစ်ရေးကို အများသိအောင် အတည်ပြုပြောကြားလိုက်ပါတယ်။ Kelly ဟာ Blonde Don လို့နာမည်ပေးထားတဲ့ သူ့ရဲ့ Twitter မှာ “I’m calling you girlfriend, what the fuck”, life imitated art on that one. ဆိုတဲ့ စာသားတွေကို ရေးသားခဲ့တာပါ။ 


Image Credit: Pinterest

Kelly က သူတို့နှစ်ဦးရဲ့အချစ်ရေးကို အခုလိုအတည်ပြုခင်လေးမှာပဲ သူတို့နှစ်ဦး တနင်္လာနေ့ညနေခင်းမှာ LA ဘားတစ်ခုကနေ အတူလက်တွဲပြီး ထွက်လာတဲ့ပုံတွေ၊ အကြင်နာပေးနေတဲ့ ဓာတ်ပုံတွေကို Daily Mail ကနေ ဖော်ပြခဲ့ပါတယ်။


Image Credit: Daily Mail

အမှန်တော့ သူတို့နှစ်ဦးဟာ အတူပါဝင်ရိုက်ကူးထားတဲ့ “Midnight in the Switchgrass” ရုပ်ရှင် ရိုက်ကူးစဉ်က တည်း စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်သစ်ကတော့ COVID-19 ကြောင့် ထုတ်လုပ်မှုခဏ ရပ်နာထားရပါတယ်။ Kelly နဲ့ Megan တို့ဟာ “Bloody Valentine” သီချင်း MV မထွက်ခင်ရက်တွေကတည်း က LA တစ်ခွင်မှာ တွဲသွားတွဲလာလုပ်နေကြတာပါ။


Image Credit: Pinterest

အသက် ၃၄ နှစ်အရွယ် ညှို့အားပြင်းမင်းသမီးချော Megan ဟာ အမေရိကန်မင်းသား Brian Austin Green နဲ့ ၁၀ နှစ်တာ အိမ်ထောင်သက်တမ်း ရှိခဲ့ပြီး သားသမီး ၃ ယောက် ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ မေလမှာတော့ Green က သူတို့ဇနီးမောင်နှံဟာ ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက် ကတည်းက လမ်းခွဲခဲ့ကြကြောင်း ကြေညာ ခဲ့ပါတယ်။


Image Credit: Pinterest

စတူဒီယိုအယ်လ်ဘမ် ၅ ခု ထွက်ရှိထားပြီး “Till I Die” လို သီချင်းကောင်းများစွာရဲ့ အဆိုရှင် အသက် ၃၀ အရွယ် အဆိုတော်မင်းသား Machine Gun Kelly ခေါ် Colson Baker မှာလည်း ကလေးတစ်ယောက်ရှိပါ တယ်။

Katie Scarlett
We Media

Source: Insider

Original Link: https://www.insider.com/megan-fox-machine-gun-kelly-dating-relationship-confirmation-2020-6?fbclid=IwAR2AfQ9HiJkr5p9DYzvLtWNAaD37qdUnGhM414I7je2rrk6oEJtq20KDDS4

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။