ရဲတပ်ဖွဲ့ဝင်တွေရှေ့သွားပြီး လေလည်သူကို အရေးယူ

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ ရဲတပ်ဖွဲ့ရှေ့သွားပြီး အကျယ်ကြီးလေလည်သူကို ပြည်သူ့ဝန်ထမ်းဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ ဒဏ်ငွေ ယူရို ၅၀၀ ချမှတ်ခဲ့တယ်လို့သိရပါတယ်။ 

အဆိုပါထူးဆန်းတဲ့ဖြစ်ရပ်ဟာ ဇွန်လ ၅ ရက်နေ့က ဗီယင်နာမြို့မှာ ဖြစ်ပွားခဲ့တာလို့ အော်စတာရိုက်သတင်းစာမှာပါရှိပါတယ်။ 


ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မတော်တဆမှုကြောင့် အကြီးအကျယ်ထိခိုက်မှုမရှိပေမယ့် ဂုဏ်သိက္ခာအရကာကွယ်တာဖြစ်တယ်လို့ ပြောပါတယ်။ ဖြစ်ပွားပုံမှာ ဗီယင်နာပန်းခြံတစ်ခုမှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေရှေ့မှာ လူတစ်ယောက်ဟာ လေတင်အရပ်ကနေ ကျောပေးပြီး လေလည်ခဲ့လို့ အရေးယူခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးကတော့ ကျူးလွန်သူဟာ သူတို့ကို သေချာကြည့်ပြီး လေလည်ခဲ့တာလို့ ပြောပါတယ်။ 


အခြားရဲတပ်ဖွဲ့တစ်ဦးက မသိချင်ယောင်ဆောင်ခဲ့ပေမယ့် လေလည်တာကို သည်းမခံနိုင်တဲ့ အရာရှိက ဒဏ်ငွေဆောင်ခိုင်းခဲ့တာလို့ ပြောပါတယ်။ သြစတြီးယားရဲတွေဟာ ကမ္ဘာပေါ်မှာ လုပ်ပိုင်ခွင့်အများဆုံးရထားတဲ့ ရဲတပ်ဖွဲ့ထဲမှာ ထိပ်ဆုံးကပါပါတယ်။ ယောင်လို့သွားပြီး လေမလည်မိစေနဲ့နော် ။

Ref - AP

Photo - AP

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။