ရဲ(၁၀)ဦးမှ စားသောက်ဆိုင်ထဲဝင်ကာခြိမ်းခြောက်မှုများပြုလုပ်

ဇွန်(၁၉)၊ ရန်ကုန်။

မကွေးမြို့၊ အမှတ်(၁)ရဲစခန်းမှ ရဲ(၁၀)ဦးခန့်က ရွှေလမင်းအမည်ရှိ ထမင်းဆိုင်ထဲသို့ဝင်ရောက်ပြီး သေနတ်နှင့်ချိန်ကာခြိမ်းခြောက်ရိုက်နှက်မှု ဇွန်(၁၄)ရက်နေ့၊ မနက်(၁)နာရီလောက်ကဖြစ်ပွားခဲ့သည်။


image credit - Ye Min Tun

ထိုအဖြစ်အပျက်ကို ထမင်းဆိုင်တွင်တပ်ဆင်ထားသော CCTV မှ ဖမ်းယူရရှိခဲ့ပြီး မျက်မြင်သက်သေများလည်းရှိခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ပါဝင်သောရဲများကို အရေးယူပေးပါရန် နိုင်ငံတော်အတိုင်ပင်ခံ နှင့် တာဝန်ရှိသူများကို အကြောင်းကြားထားကြောင်းသိရှိရသည်။


image credit - Ye Min Tun

Gabriel (Content Writer)
WE Media
Source - Ye Min Tun

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။