နယ်စပ်မှ ရိုက်ပွဲအပြီး အိန္ဒိယစစ်သည်(၁၀)ဦးကို တရုတ်ပြန်လွှတ်ပေး

ဇွန်(၁၉)၊ နယူးဒေလီ။

ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သော နယ်စပ်ပဋိပက္ခအတွင်း ဖမ်းဆီးရမိခဲ့သည့် အိန္ဒိယစစ်သည် (၁၀) ဦးကို တရုတ်နိုင်ငံဘက်မှ ပြန်လွှတ်ပေးခဲ့သည်။


image credit - the guardian

အဆိုပါ ပဋိပက္ခအတွင်း အိန္ဒိယဘက်မှ စစ်သည်(၂၀)သေဆုံးပြီး တရုတ်နိုင်ငံဘက်မှလည်း သေဆုံးထိခိုက်မှုများရှိသည်ဟု မျက်မြင်သက်သေ နှင့် သတင်းများက ရေးသားကြသည်။ တရုတ်စစ်သည် (၄၃) ဦးသေဆုံးသည်ဟု India Today မှ ရေးသားသော်လည်း အဆိုပါသတင်းကို တရုတ်နိုင်ငံဘက်မှ တစ်စုံတစ်ရာမှတ်ချက်ပေးခြင်းမရှိချေ။


image credit - bangkokpost

တရုတ်နိုင်ငံပိုင် မီဒီယာတစ်ခုဖြစ်သော Global Times မှ စစ်သည်များသေဆုံးထိခိုက်သည်မှာ အမှန်ဖြစ်သော်လည်း မည်ရွေ့မည်မျှထိခိုက်သည်ကိုတော့ဖော်ပြခြင်းမပြုခဲ့ပေ။ အဆိုပါ ပဋိပက္ခသည် ဇွန်လ(၁၅)ရက်၊ တနင်္လာနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်စစ်သည်များက သံမှိုရိုက်ထားသောတင်းပုတ်များ၊ ကျောက်တုံးကျောက်ခဲများနှင့် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။


image credit - bangkokpost

ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး နှစ်ဖက်စလုံးအပြန်အလှန်ပြစ်တင်ပြောဆိုနေဆဲဖြစ်သည်။ ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသမှာ အိန္ဒိယ နှင့် တရုတ်တို့သူပိုင်ငါပိုင်အငြင်းပွားနေကြသော ဟိမဝန္တာနယ်စပ်ဖြစ်ပြီး ၁၉၆၂ ကလည်း ထိုနေရာတွင် နှစ်နိုင်ငံတပ်များ တိုက်ခိုက်ခဲ့ကြသည်။

Gabriel (Content Writer)
WE Media
Source - Channel News Asia
Original Link - https://www.channelnewsasia.com/news/asia/china-releases-10-indian-soldiers-after-battle-12850384


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။