သားသတ်လွတ် ပဲပြားချိုချဉ်ကြော်

ဒီတစ်ခါမှာတော့ ပုံမှန်အားဖြင့် အသားတွေနဲ့ပဲ ကြော်နေကျဖြစ်တဲ့ ချိုချဉ်ကြော်ကို ပဲပြားလေးနဲ့ ကြော်ကြည့်ရအောင်။ သားသတ်လွတ်ပဲပြားဟင်းလေးဖြစ်တာကြောင့် အသားရှောင်သူတွေအတွက် ဟင်းချက်နည်းအမယ်တစ်မျိုး တိုးတာပေါ့နော်...

Photo credit - yummly

ပါဝင်ပစ္စည်းတွေက - 

ပဲပြား - ၃ တုံး

ကြက်သွန်ဖြူ - ၄ မွှာ

ချင်း - လက်တဆစ်

ကြက်သွန်နီ - ၂ လုံး

မုန်လာဥနီ - ၁ လုံး

ငရုတ်ပွ - ၃ လုံး

ခရမ်းချဉ်သီးဆောစ် - ထမင်းစားဇွန်း ၂ ဇွန်း

ရှာလကာရည် - ထမင်းစားဇွန်းဝက်

သကြား - လက်ဖက်စားဇွန်းဝက်

သားသတ်လွတ် အရသာမှုန့် - လက်ဖက်စားဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့် - လက်ဖက်စားဇွန်းဝက်

ကော်မှုန့် - လက်ဖက်စားဇွန်း ၂ ဇွန်း

Photo credit - santiago kitchen

ပြုလုပ်နည်းအဆင့်ဆင့်

- ပထမဦးဆုံး ပဲပြားတွေကို အတုံးလေးတွေတုံးပြီး ဆီပူထိုးထားပါ။

- ကြက်သွန်နီကို ၄ စိတ်ခြမ်းပါ၊ ကြက်သွန်ဖြူ၊ ချင်းကို နူတ်နူတ်စင်းထားပါ။

- မုန်လာဥနီ၊ ငရုတ်ပွကို နှစ်သက်သလို လှီးဖြတ်ထားပါ။ (ကိုယ်ကြိုက်နှစ်သက်သော အသီးအနှံကို ထပ်ထည့်နိုင်ပါတယ်)

Photo credit - bad dog food blog

- ဆောစ်ပြုလုပ်ဖို့အတွက် ပန်းကန်လုံးတစ်လုံးထဲမှာ ခရမ်းချဉ်သီးဆောစ်၊ ရှာလကာရည်၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့်၊ သားသတ်လွတ် အရသာမှုန့်၊ ရေအနည်းငယ်တို့ကို ထည့်ဖျော်ပါ။

- ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ၊ ချင်းကို ဆီသတ်ပါ။

- ပြီးရင် ကြက်သွန်နီ၊ မုန်လာဥနီ၊ ငရုတ်ပွတို့ကိုထည့်ပါ။ အသင့်ပြင်ထားတဲ့ ဆောစ်ကိုထည့်ပြီး မွှေပေးပါ။

Photo credit - freepik

- နောက်ဆုံးမှာတော့ ဆီပူထိုးထားတဲ့ ပဲပြားထည့်ပြီးကြော်ပါ။

- မိနစ်အနည်းငယ် ကြော်ပြီးသွားရင်တော့ အရသာရှိတဲ့ သားသတ်လွတ် ပဲပြားချိုချဉ်ကြော်လေး ရပါပြီ။

Ref ; Healthy Foodie Ph youtube

Psyche (We Media)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။