ယနေ့ နေ့လည် ၁၂း၁၉ နေလနှစ်ပါးဆိုင် နေကြတ်မည်

ယ​နေ့(ဇွန်လ ၂၁) နေ့လည် ၁၂ နာရီ ၁၉ မိနစ်အချိန်မှာ ၂၀၂၀ ရဲ့ပထမဆုံး နေကြတ်ချိန်ရောက်လာပါမယ်။ ရန်ကုန်မြို့အတွက် နေကြတ်ချိန် (မြန်မာစံတော်ချိန်) က နေကြတ်ခြင်း စတင်မည့်အချိန် - နေ့လည် ၁၂ နာရီ ၁၉ မိနစ်၊ အမြင့်ဆုံး နေကြတ်မည့်အချိန် - ညနေ ၂ နာရီ ၄ မိနစ်

နေကြတ်ခြင်း ပြီးဆုံးမည့်အချိန် - ညနေ ၃ နာရီ ၃၃ မိနစ် ဖြစ်ပါတယ်။ စုစုပေါင်း ကြာမြင့်မယ့်အချိန်က ၃ နာရီ ၁၃ မိနစ် ၅၅ စက္ကန့်ဖြစ်ပါတယ်။ မိနစ်အနည်းငယ်ကွဲလွဲမှုတော့ ဖြစ်နိုင်ပါတယ်။


မနက်ဖြန် ဖြစ်ပေါ်မယ့် နေကြတ်ခြင်းဟာ (နေအပြည့်ကြတ်ခြင်း) Total Solar Eclipse မဟုတ်ဘဲ လဟာ နေကို ၉၉% သာ ဖုန်းကွယ်မှာ ဖြစ်တာကြောင့် နေကြတ်ချိန်မှာ နေလုံးကြီးကို မမြင်ရဘဲ အနားစွန်း အလင်းရောင်ကွင်းကြီးကို မြင်ရမှာ ဖြစ်ပါတယ်။

မနက်ဖြန် နေကြတ်ခြင်းကို အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ အီသီယိုးပီးယားနဲ့ ကွန်ဂိုတို့မှာ အပြည့်အဝ မြင်ရပါမယ်။

ရန်ကုန်မြို့မှာတော့ နေကြတ်ခြင်းကို ၄၇% ခန့်သာ မြင်ရပါမယ်။

ဇွန်လ ၂၁ ရက်နေ့ နေ့ကြတ်ခြင်းဟာ ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမနေကြတ်ခြင်း ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ဒုတိယအကြိမ် နေကြတ်မှာဖြစ်ပြီး အဲ့ဒီအချိန်ကျရင် ၁၀၀% အပြည့်အဝ နေကြတ်မှာ ဖြစ်ပါတယ်။


နေကြတ်ချိန်မှာ နေကို သာမန်မျက်စိနဲ့ မကြည့်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေ မကြည့်သင့်ဘူးလို့ ပညာရှင်တွေက ပြောပါတယ်။ 

​ရှေးခေတ်အယူအဆအရ အိန္ဒိယ အပါအ၀င်ရှေးဟောင်းထုံးစံကို လိုက်နာတဲ့ လူမျိုးတွေမှာ နေကြတ်ချိန် အစားအသောက် စားသောက်ခြင်း အထူးရှောင်ကြဉ်ကြပါတယ်။ 

နေကြတ်ချိန်မှာ နေကနေ မိမိတို့ဆီ ရောက်လာတဲ့ နေရောင်ခြည်ရဲ့ wavelength နဲ့ intensity တွေ ပြောင်းလဲသွားပါတယ်။ အထူးသဖြင့် ခရမ်းလွန် ရောင်ခြည် ပါ၀င်မှု ပိုများလာတယ် ဆိုပါတယ်။ အဲဒါတွေက- အစားအသောက်မှာ ရှိတဲ့- micro-organisms တွေ ပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ 

ဒါကြောင့် အာယုဗ္ဗေဒ ပညာမှာ  နေမကြတ် ခင် ၂နာရီ အလိုတည်းက အစားမစား ရလို့ တားမြစ်ထားပြီး၊ ကျေညက်ခဲ၏ လို့ ဆိုထားပါတယ်။ နေကြတ်ပြီးယင် လို့ အစာစားယင်လည်း ကျေညက်လွယ်တဲ့ အစာတို့ကို စားသင့်တယ် လို့ ဆိုပါတယ်။

နေကြတ်ချိန်မှာ လုပ်ဆောင်ရန်များ

- နေကြတ်ချိန်က လွတ်ပြီးနောက် ရေချိုးပစ်ပြီး၊ အ၀တ်အစားများ လဲရပါမယ်။

- ကိုယ်၀န်ဆောင် အမျိုးသမီးများ အနေနဲ့ အိမ်ထဲကနေ အိမ်ပြင် မထွက်သင့်ပဲ၊ မိခင်ကိုရော ၀မ်းထဲက သန္ဓေသားကိုပါ ထိခိုက်စေလို့ နေရောင်ကို လုံး၀ ရှောင်ကြပါလို့ ဆိုပါတယ်။

- နေမကြတ်ခင်က ပြင်ဆင်ထားတဲ့ အစားအစာ များကို လွှင့်ပစ်သင့်ပါတယ်။ တကယ်လို့ မလွှင့်ပစ်နိုင်ဘူး ဆိုယင် နေကြတ်ချိန် မတိုင်မီ ကတည်းက ပင်စိမ်းအရွက်တွေနဲ့ အုပ်ကာထားရပါမယ်။ ဒီနေရာမှာ သက္ကတ လိုတော့ ဒရ်ဘ မြက် - ကုသျှ မြက် (दर्भ/कुश) လည်း ခေါ်တဲ့ သက်ငယ်မြက် နဲ့ ဖြစ်စေ၊ မြေဇာ မြက်နဲ့ ဖြစ်စေ၊ အစားအစာများ၊ သောက်ရေကန်များကို အုပ်ကာ ပေးနိုင်ပါတယ်။ 

- တရားထိုင်ခြင်း၊ အလှူပေးခြင်းကို နေကြတ်ချိန်မှာ လုပ်ခြင်းဟာ မင်္ဂလာအင်မတန် ရှိတယ် ဆိုပါတယ်။

- သူရိယဒေ၀တာ အတွက် မန္တာန်ရွတ်ဆို နိုင်ပါတယ်။

နေကြတ်ချိန်မှာ  ရှောင်ကြဉ်ရန်များ

• နေကြတ် နေချိန်အတွင်း အစားစားခြင်း၊ ရေသောက်ခြင်း ရှောင်ပါ။

• နေကြတ်ပြီး နေရောင်သင့်တဲ့ အစားအသောက်များ မစားပါနဲ့။

• နေကြတ်နေချိန်မှာ ထမင်းဟင်းချက်ခြင်း၊ အစားအသောက် ပြင်ဆင်ခြင်း မပြုပါနဲ့။

• နေကြတ်နေချိန် အတွင်း ခရီးမသွားပါနဲ့။

• အရေးကြီးတဲ့ အလုပ်အကိုင်၊ မင်္ဂလာအမှုတွေ မပြုရပါ။

Cre - Sayer Aye Thein, ဆရာ နျူမာန်(မိုးတား)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။