
ဝေဖန်မှုတွေကြားက အပိုင်း ၂ မှာ Rating ပိုကောင်းလာတဲ့ “Backstreet Rookie”
ပြီးခဲ့တဲ့ ၁၉ ရက်နေ့တုန်းက တောင်ကိုရီးယားရဲ့နာမည်ကျော်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ SBS ကနေ Ji Chang Wook နဲ့ Kim Yoo Jung တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ “Backstreet Rookie” ဇာတ်လမ်းတွဲ စတင်ထုတ်လွှင့် ပြသခဲ့ပါတယ်။ ပွဲဦးထွက်အပိုင်းမှာတင် rating အသင့်အတင့်ကောင်းမွန်ခဲ့တဲ့ “Backstreet Rookie” ဟာ စနေနေ့ညမှာ ထုတ်လွှင့်တဲ့ အပိုင်း ၂ မှာ rating ပိုတက်လာခဲ့ပါတယ်။
Image Credit: Pinterest
AGB Nielsen မှာ ဖော်ပြထားချက်အရဆိုရင် “Backstreet Rookie” အပိုင်း ၁ ရဲ့ rating ဟာ တောင် ကိုရီးယားတစ်နိုင်ငံလုံးမှာ 6.3% ဖြစ်ပြီး ဆိုးလ်တစ်မြို့တည်းမှာ 6.6% ဖြစ်ပါတယ်။ ပျမ်းမျှအနေနဲ့ဆိုရင် 5.2% ပါ။ ပွဲဦးထွက်အနေနဲ့ဆိုရင် အဲဒီနှုန်းထားဟာ အတော်အသင့် ကောင်းမွန်တယ်လို့ ဆိုရမှာပါ။
Image Credit: Pinterest
အပိုင်း ၂ မှာတော့ တောင်ကိုရီးယားတစ်နိုင်ငံလုံးမှာ 6.8% နဲ့ ဆိုးလ်တစ်မြို့တည်းမှာ 7.3% အထိ တက်လာ ခဲ့ပြီး ပျမ်းမျှဆိုရင် 6.1% အထိ တက်လာတာ ဖြစ်ပါတယ်။ ဘာသာစကားပေါင်းများစွာနဲ့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပြသတဲ့ iQIYI အွန်လိုင်းဗီဒီယိုပလက်ဖောင်းမှာ ဆိုရင်တော့ Backstreet Rookie ဟာ Trending top 1 အဖြစ် နေရာယူထားတာ ဖြစ်ပါတယ်။
Image Credit: Allkpop
ဒါပေမဲ့လည်း Backstreet Rookie ဟာ ကိုရီးယားဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း ကိုရီးယားကလူတချို့ရဲ့ ဝေဖန်မှုတွေတော့ ခံနေရပါတယ်။ ဇာတ်လမ်းထဲမှာ အထက်တန်းကျောင်းသူက သူစိမ်းအမျိုးသားကို အကြင်နာပေးတဲ့အခန်း၊ မင်းသားဖြစ်သူက မကောင်းတာလုပ်တဲ့အိမ်ကို မှားဝင်မိတဲ့အခန်း၊ မင်းသားရဲ့သူငယ် ချင်း ဖြစ်သူ ကာတွန်းရေးဆရာက အမြင်မတင့်တဲ့ ကာတွန်းတွေဆွဲတဲ့အခန်း၊ အထက်တန်းကျောင်းသူတွေ သီချင်းဆိုရင်း ကခုန်နေတဲ့အခန်းတွေဟာ မိသားစုတွေ အတူတကွကြည်လို့မသင့်လျော်ဘူးဆိုပြီး ဝေဖန်နေကြတာပါ။
Image Credit: SBS
Image Credit: Allkpop
အမှန်တော့ ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ အထက်တန်းကျောင်းသားကျောင်းသူတွေရဲ့ အချစ်ဇာတ်လမ်း တွေကို ရိုက်ထားတဲ့ ဇာတ်လမ်း တွေအများကြီး ရှိပါတယ်။ အဲဒီဇာတ်လမ်းတွေထဲမှာလည်း အထက်မှာဖော်ပြ ခဲ့တဲ့ ဝေဖန်ချက်တွေထဲက အခန်းမျိုးတွေပါခဲ့တာကို တွေ့ရတာ ကြောင့် အခုလိုဝေဖန်မှုတွေဟာ နည်းနည်း အစွန်းရောက်ပြီး ယုတ္တိမတန်ဘူးရယ်လို့လည်း ပရိသတ်တွေကြားမှာ ပြန်လည်တုံ့ပြန်မှုတွေ ရှိနေ ပါတယ်။
Image Credit: SBS
အဲဒီလိုဝေဖန်ခံရမှုဟာ Backstreet Rookie အတွက် ကောင်းကျိုးရော ဆိုးကျိုးရော ဖြစ်သွားစေပါတယ်။ အကြောင်းက ဝေဖန်ခံနေရပေမဲ့ အရင် ထက်အများရဲ့အာရုံစိုက်မှုကို ပိုရသွားတယ်လို့ ဆိုရမှာပါ။ ဝေဖန်မှုတွေ ကို မကျေနပ်တဲ့ နိုင်ငံတကာ fan တချို့ကလည်း Backstreet Rookie အတွက် ဝန်းရံလာကြတာကြောင့်လည်း ဖြစ်ပါတယ်။
Image Credit: SBS
Katie Scarlett
We Media
Source: Allkpop
ဆက်စပ်ရှာဖွေမှုများ - Wikipedia, Soompi
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။