"ကုန်းမှာ မြွေပွေး၊ ရေမှာ ငါးရွေး" ဧရာမငါးကြီး ဖမ်းမိ

ဇွန်လ ၁၉ရက် သောကြာနေ့က ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် သခွတ်ချောင်းကျေးရွာအုပ်စု သခွတ်ချောင်းကျေးရွာတွင် ညနေပိုင်းအချိန်၌ ဧရာမ ငါးရွေးတစ်ကောင် ဖမ်းမိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရပါသည်။


ကနဦး ပိုက်ကွန်ထဲတွင် ငါးကြီးတစ်ကောင် အရင် ဖမ်းမိခဲ့ပြီး ရွာသားများက ပြန်လွှတ်ပေးခဲ့သည်။ လွှတ်ပြီးမကြာခင် နောက်တစ်ကောင်ပြန်မိသဖြင့် ဝမ်းဗိုက်ကိုခွဲကြည့်ရာ တစ်ပိဿာခွဲငါးနှစ်ကောင်ကို စားထားကြောင်း ထပ်မံတွေ့ရှိရပါသည်။


ငါးရွေးတွေက လူကိုအန္တရာယ်မပြုတတ်ပေမယ့် မိတ်လိုက်ချိန်နဲ့ဥဥချိန်တော့ အန္တရာယ်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ "ကုန်းမှာ မြွေပွေး၊ ရေမှာ ငါးရွေး"ဆိုပြီး စာချိုးရှိခဲ့ဖူးပါတယ်။ ငါးရွေးများကို ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းများတွင် အများဆုံးတွေ့ရသည်။

Ref - kyawzinphyoe

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။