ဝယ်သူတွေကို အမြဲဘုကြည့်ကြည့်တတ်တဲ့ ထိုင်းကဖရဲသီးသည်ကြောင်လေး ပုလဲ

ဆိုရှယ်မီဒီယာပေါ်တွေ့မြင်ရတဲ့ ချစ်စရာတိရိစ္ဆာန်လေးတွေထဲမှာ ဖရဲသီးပုံဘေးလက်ထောက်ပြီး ပေစောင်း စောင်းကြည့်နေတဲ့ ကြောင်ဖြူလေးကို သတိထားမိကြမယ် ထင်ပါတယ်။ မကျေနပ်တဲ့ပုံနဲ့ ကြည့်နေတဲ့ အချေ ရုပ်လေးဖြစ်ပေမဲ့ ချစ်စရာကောင်းတဲ့ကြောင်ဖြူလေးဟာ အွန်လိုင်းပေါ်က တိရိစ္ဆာချစ်သူတွေကြားမှာ ရေပန်းစားနေပါတယ်။


Image Credit: Pinterest

အဲဒီအချေရုပ်နဲ့ ကြောင်ဖြူလေးနာမည်ကတော့ Pearl (ပုလဲ) ဖြစ်ပြီး သူ့ရဲ့ကိုယ်ခန္ဓာအရောင်အသွေးနဲ့ တကယ်ကို လိုက်ဖက်ညီတဲ့ နာမည်ပါပဲ။ ပုလဲဟာ ထိုင်းနိုင်ငံ၊ Suphan Buri မှာရှိတဲ့ ဖရဲသီးခြံတစ်ခြံက ကြောင် လေးဖြစ်ပါတယ်။


Image Credit: Pinterest

သူဟာအဲဒီစိုက်ပျိုးရေးခြံထဲမှာ ဖရဲသီးတွေကိုစောင့်ရင်း နေလာတာ ၅ နှစ်၊ ၆ နှစ်လောက် ရှိနေပါပြီ။ သူဟာ သစ်သီးလာဝယ်သူတိုင်းကို မကျေနပ်တဲ့ပုံစံနဲ့ အမြဲတမ်းခပ်ချေချေ ကြည့်လေ့ရှိပါတယ်။


Image Credit: Pinterest

အဲဒီလိုမကျေနပ်ပုံပေါက်နေတဲ့ အကြည့်ကြောင့် သူ့ပုံစံလေးက ရန်လိုဟန်ပေါက်နေပေမဲ့လည်း အမှန်တကယ်တော့ ပုလဲလေးဟာ အရမ်းငြိမ်တဲ့ကြောင်လေးဖြစ်ပြီး လုံးဝကို ရန်မလိုတတ်ဘူးလို့ သူ့ရဲ့သခင်ဖြစ်သူက ဆိုပါတယ်။


Image Credit: Pinterest

ဆူပုပ်ပုပ်နဲ့ ချစ်စရာကောင်းတဲ့ ပုလဲလေးကို အနီးဝန်းကျင်က ရွာသားတွေကလည်း ချစ်ကြပါတယ်။ သူဟာ အစားရွေးတတ်သူ ဖြစ်ပြီး သူ့ကို စားနေကျအစာတွေပဲ ခဏခဏကျွေးရင် မစားပါဘူး။ စားနေကျတွေပဲ စားတာထက် အစားအသောက်ပြောင်းလဲရတာကိုပဲ ကြိုက်တဲ့သူပါ။


Image Credit: Pinterest

ပုလဲလေးဟာ ဆူပုပ်ပုပ်လေးနဲ့ အမြဲတမ်းဘုကြည့်ကြည့်တတ်ပေမဲ့လည်း သူ့ကိုမြင်သူတိုင်းက ချစ်ခင်မိရ လောက်အောင် ချစ်စရာကောင်းတဲ့ ကြောင်လေးတစ်ကောင် ဖြစ်ပါတယ်။


Image Credit: Pinterest

Katie Scarlett
We Media

Source: 9gag

Original Link: https://9gag.com/gag/aVw33Ly?fbclid=IwAR2Pg3cfXak8XbafZ0X_Ze3h5gGL81-71Muxdu6e9zf-KthnUsQZ5JBUXCc


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။