ဥတွေအခွဲခံလိုက်ရတာကြောင့် ရင်ကွဲနာကျပြီးသေဆုံးသွားခဲ့တဲ့ မိခင်ဘဲငန်းမကြီး

မိဘတွေအနေနဲ့ ကိုယ်မွေးထားတဲ့ သားသမီးကို ဆုံးရှုံးလိုက်ရပြီဆိုရင် သေချင်လောက်အောင် ရင်ကွဲမတတ် နာကျင်ခံစားကြရမှာ အသေအချာပါပဲ။ အဲဒီလိုမိဘမေတ္တာနဲ့ အဲဒီလိုအဖြစ်မျိုးတွေကို လူတွေမှာတင်မကဘဲ တိရိစ္ဆာန်တွေမှာလည်း တွေ့မြင်နိုင်ပါတယ်။


Image Credit: MEN Media

အင်္ဂလန်နိုင်ငံ၊ ဘဲငန်းမကြီးတစ်ကောင်ဟာလည်း သူ့ရဲ့မပေါက်သေးတဲ့ ဥလေးတွေ ကွဲသွားခဲ့တာကြောင့် ရင်ကွဲနာကျပြီး သေဆုံးသွားခဲ့ပါတယ်။ အဲဒီအဖြစ်အပျက် အကြောင်းစုံကို All About Bolton Facebook မှာ Michael Mason က ဓာတ်ပုံနဲ့တကွ ပို့စ်တင်ပြီး ပြောကြားခဲ့ပါတယ်။


Image Credit: Daily Mail

ပြီးခဲ့တဲ့လတုန်းက အင်္ဂလန်နိုင်ငံ၊ အနောက်မြောက်ပိုင်း Greater Manchester က Bolton မှာ ဆယ်ကျော် သက်အရွယ် လူရမ်းကားတစ်သိုက်ဟာ အဲဒီဘဲငန်းမကြီး အသိုက်ထဲမှာ ဝပ်နေဆဲဖြစ်တဲ့ ဥတွေကို ကျောက်တုံးတွေ၊ အုတ်ခဲတွေနဲ့ ပစ်ပေါက်ပြီး ထုခွဲခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း ဥ ၆ လုံးမှာ ၃ လုံးပဲကျန်နေခဲ့ပါတယ်။

Image Credit: 9gag


Image Credit: MEN Media

ကျန်ခဲ့တဲ့ ဥ ၃ လုံးထဲက ၂ လုံးဟာ လည်း သိပ်မကြာခင်ရက်သတ္တပတ်တွေတုန်းက ပျောက်ဆုံးသွားခဲ့ပြီး ၁ လုံးသာ ကျန်ရှိခဲ့ပါတယ်။ တောရိုင်း တိရိစ္ဆုာကာကွယ်ရေးအဖွဲ့ဝင်တွေရဲ့ ပြောကြားချက်အရဆိုရင် မိခင်ဘဲငန်းမ ကြီးဟာ ကျန်ခဲ့တဲ့ ဥလေး ၁ လုံးကိုပဲ မမှိတ်မသုန်စိုက် ကြည့်နေခဲ့တယ်လို့ သိရပါတယ်။


Image Credit: MEN Media

ဒါ့ပြင် သူတို့ရဲ့အဆိုအရ ဖခင်ဘဲငန်းအထီးကြီးဟာလည်း လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက အသိုက်ကို စွန့်ခွာသွားခဲ့ပြီး ပြန်ရောက်မလာခဲ့ ပါဘူး။ အဲဒီလိုသူ့ရဲ့ဥတွေဆုံးရှုံးရမှုနဲ့ ဘဲငန်းထီးကြီး စွန့်ခွာသွားမှုဟာ ဘဲငန်းမကြီးကို အတော်စိတ်ဒုက္ခရောက်သွားစေခဲ့ဟန်ပါပဲ။


Image Credit: MEN Media

အဲဒီနောက်ပိုင်းမှာတော့ ဥကနေတောင်မပေါက်ရှာသေးတဲ့ သူ့ရဲ့ရင်သွေးလေးတွေကို ဆုံးရှုံးရမှုကြောင့် တမှိုင်မှိုင်တထွေထွေဖြစ်နေတဲ့ ဘဲငန်းမကြီးဟာ အခုတစ်ပတ်အစောပိုင်းမှာတော့ ရင်ကွဲနာကျပြီး သေဆုံးသွား တာကို တွေ့မြင်ခဲ့ကြရပါတယ်။ တကယ်ကိုသနားစရာကောင်းတဲ့ လက်တွေ့အဖြစ်အပျက်လေးဖြစ်ပြီး ကြားသိရ သူအပေါင်းကိုလည်း စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။

Katie Scarlett
We Media

Source: Daily Mail

Original Link: https://www.dailymail.co.uk/news/article-8444185/Swan-dies-broken-heart-teenage-yobs-killed-unborn-cygnets-smashing-eggs.html?fbclid=IwAR3EHes7n8ZTeczi67kJQydFUo7qJ9Ph4qSNtY2R3kojSFlMkCnVZibIX6U


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။