ဇွဲကပင်တောင်မှာ ပျောက်ဆုံးသွားတဲ့ တက္ကသိုလ်ကျောင်းသူကို ရှာတွေ့ဟု သတင်းထွက်ပေါ်

ကနဦး သတင်းအရ ဇွဲကပင်တောင်တက်ရင်း ပျောက်ဆုံးခဲ့သော တက္ကသိုလ်ကျောင်းသူအား ဒရုန်းဖြင့်ရှာဖွေတွေ့ရှိခဲ့ပြီး ကယ်ဆယ်ရန်  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ကြိုးစားလျက်ရှိကြောင်း သိရှိရသည်။

ကနဦးသတင်းများအရ ပျောက်ဆုံးနေသူကို တောင်အောက်ပေ ၂၀၀ ခန့်တွင် တွေ့ရပြီး ဆယ်ယူရန်ကြိုးစားလျက်ရှိသည်။


ဇွဲကပင်တောင်တက်ရင်း ပျောက်ဆုံးနေသူသမီးငယ်စီးနင်းလာခဲ့သော ဆိုင်ကယ်ကို တောင်ခြေတွင်တွေ့ရှိရပြီး တောင်ပေါ်တစ်နေရာတွင်၄င်း၏ ဖိနပ်တွေ့ခဲ့ရသည်။ သူမ၏ ​ဆိုင်ကယ်သော့အား တောင်ပေါ်တစ်နေရာ၌တွေ့ရှိရပြီး  ယင်းသော့ဖြင့်ဖွင့်ကြည့်ရာ ဆိုင်ကယ်သော့ အမှန်ဖြစ်ကြောင်းအားအတည်ပြုခဲ့သည်။


ထို့ကြောင့် မြန်မာနိုင်ငံ မီးသတ်ဒရုန်းတပ်ဖွဲ့၊ ဘားအံမီးသတ်အဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ တောင်ပေါ်နှင့် တောင်အောက်တွင် ရှာဖွေလျက်ရှိသည်။ ယမန်နေ့ည ဘားအံတွင် မိုးသည်းထန်စွာ ရွာသွန်းထားသောကြောင့် ရှာဖွေရေးလုပ်ငန်းများ ခက်ခက်ခဲခဲလုပ်ဆောင်နေရကြောင်း သိရပါသည်။


ပျောက်ဆုံးသွားသော အသက်၂၀အရွယ် ကျောင်းသူအမည်မှာ မဇာခြည်မြင့်မြတ်ဖြစ်ပြီး ဘားအံတက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကျောင်းသူတစ်ဦးဖြစ်ပါသည်။ သူမ၏ နေရပ်လိပ်စာနှင့် ဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပါသည်။

ပျောက်ဆုံးနေသောကောင်မလေး၏ဖြစ်စဉ်နှင့်ကူညီကယ်ဆယ်ရေးဖြစ်စဉ်အကျဉ်း 

အမည် - ဇာခြည်မြင့်မြတ်

အသက် - ၂၀

ယခုနေထိုင်ဆဲလိပ်စာ-ဘားအံမြို့-အမှတ်(၆)ရပ်ကွက်၊ပြည်ထောင်စု ဘုရားကုန်းလမ်းအဆောင်။

ကြာသပတေးနေ့(၂၅.၆.၂၀၂၀)

မေးမြန်းချက်များအရ အဆိုပါကောင်မလေးသည် ကြာသပတေးနေ့လည်တွင် သူငယ်ချင်းဖြစ်သူနဲ့မုန့်စားပြီးအပြန်တွင် ညနေ ခန့်မှန်း ၃နာရီနောက်ပိုင်းတွင် ဇွဲကပင်တောင်ပေါ်သို့ တစ်ဦးထဲတောင်ပေါ်သို့တက်ရောက်သွားကြောင်းသိရှိရပါသည်။

ယခုလက်ရှိသူမနေထိုင်သောအဆောင်အိမ်ကလဲ အချိန်အတိုင်းအတာတစ်ခုထိ ပြန်မလာသေးတာကြောင့် စိတ်ပူကာဖုန်းဆက်သော်လည်းမရသဖြင့် လိုက်လံရှာဖွေခဲ့ကြပါတယ်။ညပိုင်းရောက်တော့ တောင်ပေါ်တက်သွားကြောင်းသတင်းရရှိသည်။

သောကြာနေ့(၂၆.၆.၂၀၂၀)

မီးသတ်တပ်ဖွဲ့များ သောကြာနေ့ မနက် ၅နာရီဝန်းကျင်မှစတင်၍ရှာဖွေမှုများပြုလုပ်ရာ တောင်ခြေတွင်ဆိုင်ကယ်နှင့် တောင်ပေါ်တွင်ချွတ်ထားခဲ့သောဖိနပ်ကိုသာတွေ့ရှိပြီး အခြားသောထူးခြားမှုများမတွေ့ရှိသောကြောင့် မွန်းလွဲ ၂:၃၀ခန့်တွင်တောင်ခြေသို့ပြန်ဆင်းလာခဲ့ကြပါသည်။ ထိုစဉ်တောင်ပေါ်မှ ဆင်းလာသော ဒေသခံနှစ်ဦးထံမှ ဇွဲကပင်တောင် တောင်အစွန်းကျောက်ကြားအတွင်း တွေ့ရှိရပါသည်။

Ref - ဘိုဘိုအောင်၊ မီးသတ်(ဘားအံ)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။