ပုဇွန်ပဲကြာဇံကြော်

ဒီတစ်ခေါက်မှာတော့ ပဲကြာဇံကြိုက်တက်သူတွေအတွက် လွယ်ကူပြီး အရသာရှိတဲ့ ပဲကြာဇံကြော်နည်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ ပုဇွန်ပဲကြာဇံကြော်နည်းလေးပါ၊ မိမိနှစ်သက်ရာအသား၊ ပင်လယ်စာနဲ့လည်း ကြော်စားနိုင်ပါတယ်။

Photo credit - freepik

ပါဝင်ပစ္စည်း

ပဲကြာဇံ - ၁ ပန်းကန်

ပုဇွန်အကောင်ကြီး - ၅ ကောင်

ကြက်သွန်မြိတ် - ၂ ပင်

ငရုတ်သီးအတောင့်ရှည် - ၂ တောင့်

ကြက်ဥ - ၁ လုံး

ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း

Soy Sauce အကျဲ - ထမင်းစားဇွန်း ၁ ဇွန်း

သကြား - လက်ဖက်စားဇွန်း ၁ ဇွန်း

အရသာမှုန့် - လက်ဖက်စားဇွန်း ၂ ဇွန်း

ပဲငံပြာရည် - လက်ဖက်စားဇွန်း ၁ ဇွန်း

ကြက်သွန်နီ - ၁ လုံး

ကြက်သွန်ဖြူ - ၃ မွှာ

မုန်လာဥနီ (အလုံးသေး) - ၁ လုံး

Photo credit - rachel cooks thai

ပြုလုပ်နည်းအဆင့်ဆင့်

- ပထမဦးဆုံး ပဲကြာဇံကို ရေနွေးဖျောထားပါ။

- ပုဇွန်ကို ရေစင်အောင်ဆေးပြီး သန့်စင်ထားပါ။

- ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥနီကို နှစ်သက်သလို လှီးထားပါ။ ငရုတ်သီးတောင့်ကို ခွဲခြမ်းထားပါ။

Photo credit - pinterest

- ကြက်သွန်မြိတ်ကို ခပ်ကြီးကြီးလှီးထားပါ။ ခရုဆီ၊ Soy Sauce၊ သကြား၊ အရသာမှုန့်၊ ပဲငံပြာရည်ကို ရောနှောထားပါ။

- ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာရင် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို ဆီသတ်ပါ။ 

- ပြီးရင်တော့ ပုဇွန်တွေနဲ့ မုန်လာဥနီကို ထည့်လိုက်ပါ။ ကြက်ဥကို ခလောက်ပြီးထည့်ပါ။

Photo credit - knorr

- ရေနွေးဖျောထားတဲ့ ပဲကြာဇံတွေကိုထည့်ပါ။ ပြီးရင် အရသာစပ်ထားတဲ့ ပဲငံပြာရည်အရောအနှောတွေထည့်ပြီး ထည့်ကြော်ပါ။

- အားလုံးပြီးသွားရင်တော့ ငရုတ်သီးခွဲခြမ်း၊ ကြက်သွန်မြိတ်တို့ထည့်ပြီး အိုးကနေချကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။ 

Ref; Marion's Kitchen youtube

Psyche (We Media)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။