ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်ကျင်းပသော သတင်းစာရှင်းလင်းပွဲကို အာဏာပိုင်များကကန့်သတ်

Orchid hotel ၌ကျင်းပသောကျင့်ဝတ်လက်မှတ်ရေးထိုးပွဲ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲကော်မရှင်တွေ့ဆုံပွဲတို့နှင့်ပတ်သက်၍နိုင်ငံရေးပါတီများသတင်းစာရှင်းလင်းပွဲသို့ သတင်းမီဒီယာများဖိတ်ကြားခဲ့သော်လည်း သတင်းမီဒီယာများဝင်ရောက်ခွင့်ကန့်သတ်ခဲ့ကြောင်းသိရသည်။


photo - ye myo khant / MPA

" ကျွန်တော်တို့ခန်းမက လူ ၁၅၀ ဆံ့တာပါ။ ခြောက်ပေခြား ခုံ ၂၀ စီထားပါတယ်။ ကျွန်တော်အကောင့်ကနေ live လွှင့်မှာပါ။ အဲဒီကနေတဆင့်ပဲ သတင်းယူပေးပါ။ သူများလုပ်ရင် အရေးမယူပေမယ့် ကျွန်တော်တို့လုပ်ရင် အရေးယူမှာပါ။" ဟု ဦးဌေးအောင်က သတင်းထောက်များကို ပြောကြားခဲ့သည်။


photo - ye myo khant / MPA

အဆိုပါအခမ်းအနားကို ပြည်ခိုင်ဖြိုးပါတီအပါအဝင် မိတ်ဘက်ပါတီ ၁၀ပါတီကျော်ကပြုလုပ်ခြင်းဖြစ်သည်။


photo - ye myo khant / MPA

အဆိုပါပွဲအပြီး သတင်းမီဒီယာများသို့ ပြည်ခိုင်ဖြိုးပါတီမှပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်မှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌကြီးက ဖိအားတွေတော်တော်များနေတယ် နိုင်ငံရေးပါတီတွေလည်းမနိုင်၊ အပေါ်ကလူကြီးတွေရဲ့ လိုလားချက်တွေကိုမတွန်းလှန်နိုင်တဲ့ပုံစံမျိုးဖြစ်နေတယ် ဟု ပြောခဲ့ပါသည်။


photo - ye myo khant / MPA

Gabriel (Content Writer)
WE Media
Photo - Ye Myo Khant / MPA



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။