ငါးအသားလုံးကြော်နှင့် ငါးအသားချောင်းကြော်

ဒီတစ်ခေါက်မှာတော့ အိမ်မှာ အလွယ်တကူလုပ်စားနိုင်တဲ့ ငါးအသားလုံးကြော်နဲ့ ငါးအသားချောင်းကြော်နည်းလေးကို ပြောပြပေးသွားမှာပါ။ Snacks လေးတွေ လုပ်စားရတာကြိုက်သူတွေအတွက်တော့ ဒီနည်းလေးက အကြိုက်တွေ့စေမှာပါ...။

ပါဝင်ပစ္စည်း

ငါး (ငါးကွန်းရှပ်) - ၁ ကောင်

ဂျုံ - ၁ ခွက်

ကြက်ဥ - ၃ လုံး

ပေါင်မုန့်ခြောက် - ၁ ခွက်

နံနံပင် - ၁ စည်း

ဆား - အနည်းငယ်

ငရုတ်ကောင်း - အနည်းငယ်


ပြုလုပ်နည်းအဆင့်ဆင့်

- ပထမဦးဆုံး ငါးကို အရိုးနွင်ပြီး အသားခြစ်ယူပါ။

- ပြီးရင် ဂျုံ၊ ဆား၊ ငရုတ်ကောင်း၊ ရေအနည်းငယ်ထည့်ပြီး အရသာသွင်းကာ နယ်ပေးပါ။

- ကြိတ်စက်ထဲမှာ နယ်ထားတဲ့ ငါး၊ ရေအနည်းငယ်တို့ထည့်ပြီး အသားကြေအောင် ကြိတ်ပါ။

- နံနံပင်ကို ပါးပါးပြီး ပေါင်မုန့်ခြောက်နဲ့ ရောသမမွှေထားပါ။ ကြက်ဥ (၃)လုံးကို ခေါက်ထားပါ။ 

- ကြိတ်ထားတဲ့ ငါးအသားတွေကို အနေတော်အလုံးလေးတွေ လုံးပါ။ 

- အသားချောင်းအတွက် ငါးအသားတွေကို လက်ညိုးသာသာ အချောင်းလေးတွေဖြစ်အောင် ပုံသွင်းပါ။

- အားလုံးပြီးသွားရင်တော့ ပုံသွင်းထားတဲ့ ငါးအသားလေးတွေကို ဂျုံမှုန့်ထဲလူးပါ၊ ပြီးရင် ကြက်ဥရည်ထဲနှစ်ပါ၊ နောက်ဆုံးမှာ နံနံပင်၊ ပေါင်မုန့်ခြောက်တို့နဲ့ ကပ်ပါ။

- ဒယ်အိုးထဲမှာ လုံလောက်တဲ့ ဆီပမာဏထည့်ပြီး ဆီပူလာရင် ငါးအသားလေးတွေကို ထည့်ကြော်ပါ။

- ၁ မိနစ်ခွဲခန့်ထည့်ကြော်ပြီးရင်တော့ အရသာရှိတဲ့ ငါးအသားလုံးနဲ့  ငါးအသားချောင်းလေးတွေကို နှစ်သက်ရာအချဉ်လေးနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။