နာမည်ကျော် Pizza Hut ပိုင်ရှင်လုပ်ငန်းစု ဒေဝါလီခံရန် စာရင်းသွင်း

နာမည်ကျော် Pizza Hut Franchise  စားသောက် ဆိုင်တွေကိုလုပ်ကိုင်လျက်ရှိတဲ့ NPC International ကုမ္ပဏီကြီးဟာ ကိုဗစ်ကပ်ရောဂါကြောင့် ဆိုင်အများအပြား ပိတ်ခဲ့ရတဲ့အပြင် စျေးကွက်ပြိုင်ဆိုင်မှုဖိအားတွေကြောင့် ဒေဝါလီခံဖို့ တရားရုံးကို အသနားခံစာ တင်သွင်းလိုက်ပါတယ်။ 


NPC ကုမ္ပဏီဟာ ၁၉၆၂ ခုနှစ်ကတည်းက စားသောက်ဆိုင် လုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး Pizza Hut ဆိုင်ခွဲပေါင်း ၁၂၂၇ ဆိုင်နဲ့ Wendy စတိုးဆိုင်

ပေါင်း ၃၉၃ ဆိုင်ကို ဖွင့်လှစ်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အခုတော့  Taxas ပြည်နယ် ခရိုင်တရားရုံးကို ဥပဒေအကာအကွယ်ရယူဖို့ လျောက်ထားလိုက်ပြီ ဖြစ်ပါတယ်။ Pizza Hut ဟာ အလုပ်သမားခနဲ့ ကုန်ကျစရိတ်များပြားတဲ့ ဖိအားအပြင် ပုံမှန် စားသောက်ဆိုင်ပုံစံမျိုး ဖြစ်တာကြောင့် အိမ်အရောက်ပို့စနစ်လုပ်ဖို့လည်း အဆင်မပြေဖြစ်နေပါတယ်။ ဒါ့အပြင် အဓိကပြိုင်ဘက် Domino Pizza နဲ့ Papa John တို့ကြောင့် စျေးကွက်ရဖို့ ရုန်းကန်နေရပါတယ်။ 


လတ်တလော NPC ကုမ္ပဏီမှာ ကြွေးမြီ ၉၀၃ သန်းရှိပြီး အကြွေးရှင်တွေကို အကြွေးပြန်ဆပ်ဖို့ သဘောတူညီမှုတွေ ရယူနေပါတယ်။ သဘောတူညီမှုမရရင် ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတွေ၊ လက်ကျန်ငွေသားလည်ပတ်မှုတွေကို အဆင့်နှစ်ဆင့်နဲ့ လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။ NPC တင်ပြထားတဲ့ Chaper II ဥပဒေအရ Pizza Hut နဲ့ Wendy လုပ်ငန်းတွေကို အကြွေးဆပ်လို့ရအောင် လည်ပတ်စေမှာဖြစ်ပြီး ရရှိလာတဲ့ငွေကို အကြွေးဆပ်ဖို့နဲ့ လုပ်ငန်းလည်ပတ်ဖို့အတွက် အသုံးပြုမယ်လို့ တင်ပြထားပါတယ်။


ဒေဝါလီစာရင်းတင်သွင်းမှုကို အခြား Franchise  လုပ်ငန်းတွေကို မထိခိုက်အောင် လုပ်ဆောင်သွားမယ်လို့ NPC ဆိုပါတယ်။ တကယ်လို့ NPC တင်ပြထားတဲ့ Chapter II ပုံစံကို ကြွေးရှင်တွေက သဘောမတူခဲ့ရင် လုပ်ငန်းနဲ့ပတ်သက်တာအားလုံးကို ရောင်းချပြီး ဆပ်ရပါလိမ့်မယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

Ref - Bloomberg 

Photo - AFP


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။