သင့်မျက်နှာအတွက် Sheet Mask သုံးစွဲခြင်းကနေရရှိမယ့် သိသာတဲ့အကျိုးကျေးဇူး (၁၂) ချက်

အခုနောက်ပိုင်း အသားအရေထိန်းသိမ်းမှုအဆင့်ဆင့်မှာ Sheet Mask လေးတွေဟာလည်း မရှိမဖြစ်အရေးပါ လာပါတယ်။ ဒါပေမဲ့ Sheet Mask ကို မဖြစ်မနေသုံးစရာမလိုဘူးလို့ ယူဆထားသူတွေလည်း ရှိပါတယ်။

အဲဒါကြောင့် အသားအရေထိန်းသိမ်းလိုသူတိုင်း၊ skin care ချစ်သူတိုင်းအတွက် Face mask လို့လည်း အလွယ်ခေါ်ကြတဲ့ Mask Sheet တွေအကြောင်းနဲ့ အဲဒီ mask တွေကို အသုံးပြုခြင်းကနေရရှိမယ့် အကျိုး ကျေးဇူးတွေကို ဖော်ပြပေးချင်ပါတယ်။


Image Credit: Freepik

၁။ Sheet Mask တွေဟာ serum လို့ခေါ်တဲ့ အလှအပအတွက်အာဟာရဖြည့်ပေးမယ့် အရည်ကို နစ်ဝင်နေ အောင်စိမ်ထားတဲ့ sheet fabric တစ်မျိုး ဖြစ်ပါတယ်။ မျက်နှာပုံစံပုံဖော်ထားတဲ့ အဲဒီ sheet ကို မျက်နှာပေါ် ကပ်လိုက်ရုံပဲဖြစ်တာကြောင့် အသုံးပြုရတာ အရမ်းလွယ်ကူပါတယ်။

၂။ Sheet mask တွေဟာ ဂျပန်နဲ့ကိုရီးယားကနေစတင်လာတဲ့ skin care တစ်မျိုးဖြစ်ပါတယ်။ အခုဆိုရင်တော့ အနောက်နိုင်ငံတွေအထိမှာ ပျံ့နှံ့ခေတ်စားလာပါပြီ။


Image Credit: Freepik

၃။ Sheet တစ်ချပ်စီမှာ serum တွေဟာ လုံးဝစိမ့်ဝင်နေတာကြောင့် အဲဒီမှာပါဝင်တဲ့ ဗီတာမင်နဲ့အာဟာရတွေဟာ အသားအရေထဲကို စိမ့်ဝင်အားကောင်းကောင်းနဲ့ ရောက်ရှိနိုင်ပြီး အသားအရေအတွက် အကျိုးကျေးဇူးများ ပါတယ်။

၄။ အသားအရေအမျိုးမျိုးအတွက် ထုတ်လုပ်ထားတဲ့ sheet mask တွေအလိုက် သင့်ရဲ့အသားအရေကို ဝင်းလက်တောက်ပစေခြင်း၊ ရေဓာတ်ပြည့်ဝစေခြင်းနဲ့ တင်းရင်းလှပစေခြင်းတို့လို အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။


Image Credit: Freepik

၅။ Sheet Mask တွေကို တစ်ပတ် ၂ ခါလောက် ပုံမှန်သုံးပေးရုံနဲ့ သင့်အသားအရေအတွက် သိသာကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

၆။ ဒါပေမဲ့ Sheet Mask တွေဟာ မျက်နှာသန့်စင်ခြင်း ဒါမှမဟုတ် ဂျီးချွတ်ခြင်းတို့အတွက် အသုံးမဝင်တာကို သတိပြုပါ။ Sheet Mask ဟာ serum တွေလို အသားအရေကို အားဖြည့်ပေးရုံပဲ ဖြစ်ပါတယ်။

4 Mistakes while Using a Sheet Mask | BeBEAUTIFUL

Image Credit: Freepik

၇။ Sheet Mask တိုင်းလိုလိုကနေ ရရှိနိုင်တဲ့ အကောင်းဆုံးအကျိုးကျေးဇူးတစ်ခုကတော့ အသားအရေကို ရေဓာတ်ပြည့်ဝစေတာပါပဲ။

၈။ Sheet Mask သုံးစွဲခြင်းဟာ သင့်အသားအရေကိုမခြောက်သွေ့စေဘဲ အမြဲတမ်းရေဓာတ်ပြည့်ဝပြီး လန်းဆန်းနေစေမှာပါ။ ရေဓာတ်ပြည့်ဝနေခြင်းဟာ လှပတဲ့အသားအရေရရှိဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာ တစ်ခု ဖြစ်ပါတယ်။


Image Credit: Freepik

၉။ Sheet Mask ကို အသုံးပြုပြီးတဲ့အခါ Moisturizer ကို ထပ်သုံးပေးမယ်ဆိုရင် Sheet Mask ရဲ့ အကျိုးကျေးဇူးတွေကို ပိုတိုးလာစေနိုင်ပါတယ်။

၁၀။ Sheet Mask မသုံးခင် toner အသုံးပြုပေးခြင်းဟာ မျက်နှာပေါ်မှာ Sheet Mask ရဲ့သက်ရောက်မှုအားကို ပိုကောင်းလာစေပါတယ်။


Image Credit: Freepik

၁၁။ Sheet Mask တွေကို တစ်ပတ်မှာ ၂ ခါကနေ ၃ ခါအထိ အသုံးပြုပေးရုံနဲ့ သင့်ရဲ့မျက်နှာရေဓာတ်ပြည့်ဝနေစေဖို့ လုံလောက်ပါတယ်။

၁၂။ မျက်နှာပေါ်မှာ Sheet Mask အေးအေးလေးကို ကပ်ထားရင်း မိနစ် ၂၀ လောက် ငြိမ်ငြိမ်လေး အနားယူနေခြင်းဟာ သင့်ရဲ့စိတ်ကို အေးချမ်းစေပြီး စိတ်ဖိစီးမှုတွေကိုလည်း ခဏတာကင်းဝေးစေနိုင်ပါတယ်။


Image Credit: Freepik

Sheet Mask ကို ဘယ်လိုသုံးမလဲ?


- မျက်နှာသစ်သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ မျက်နှာပုံစံဖန်တီးထားတဲ့ Sheet Mask ကို အလိုက်သင့်လေး ကပ်လိုက်ရုံပါပဲ။
- အဲဒီ Sheet Mask  ကို မျက်နှာပေါ်မှာ အနည်းဆုံး မိနစ် ၂၀ ကနေ ၃၀ အထိထားနိုင်ပါတယ်။ အဲဒီထက် တော့ ပိုမထားပါနဲ့နော်။
- ပြီးတဲ့အခါ Sheet Mask ကို မျက်နှာပေါ်က ခွာပြီး မျက်နှာကို လက်ချောင်းလေးတွေနဲ့ ပုတ်ပေးပါ။
- ရေပြန်မဆေးရင်လည်းရသလို၊ မနေတတ်ရင်လည်း ရေခပ်ပါးပါးလေး ပြန်ဆေးချလို့ရပါတယ်။
- Sheet Mask တွေကို တစ်ပတ်မှာ ၃ ခါအထိ အသုံးပြုပေးနိုင်ပါတယ်။

Katie Scarlett
We Media

Source: Women’s Health, Orgaid, Siobeauty


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။