ချေးငွေပြန်မဆပ်နိုင်လို့ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

ဇူလိုင် ၂ ရက်နေ့ နံနက်ပိုင်း မကွေးမြို့၊ နေပြည်တော်-ကံပြားလမ်းဘေးရှ်ိ သံဘိုလေးကျေးရွာမှာ ငွေစုငွေချေးအဖွဲ့အစည်းရဲ့ ချေးငွေပြန်မဆပ်နိုင်လို့ အသက် ၂၈ နှစ်အရွယ် အိမ်ထောင်သည် အမျိုးသားတစ်ဦး ၄င်းရဲ့နေအိမ်၊ အိမ်အတွင်းခန်းမှာ ကြိုးဆွဲချသေဆုံးသွားကြောင်း သတင်းရရှိပါတယ်။


အခင်းဖြစ်ပွားချိန်မှာ ဇနီးဖြစ်သူဟာ ကျေးရွာအတွင်းလှည့်လည်ပြီး ငွေချေးယူနေချိန်ဖြစ်ပြီး ပတ်ဝန်းကျင်က လူတွေ လိုက်ခေါ်မှ သိခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။ ဖြစ်ပွားရခြင်းအကြောင်းမှာ ငွေစုငွေချေးအဖွဲ့အစည်းတစ်ခုမှ ချေးယူသုံးစွဲထားသောငွေအား ပြန်ဆပ်ဖို့မရှိတာကြောင့် ယခုလို လုပ်ရပ်မျိုး လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူရဲ့ ပြောပြချက်အရ သိရပါတယ်။ 


အဆိုပါ သေဆုံးမှုကို ညောင်ကန်ရဲစခန်းမှ သေမှုသေခင်း ဖွင့်လှစ်စုံစမ်းလျက်ရှိပါတယ်။ 

Ref -  မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီး၊မကွေးမြို့

ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း၊ ကျော်သူထွန်း

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။