အောင်လအန်ဆန်မှာ Covid-19 ရောဂါပိုးတွေ့ရှိ

နာမည်ကျော် MMA ကစားသမား အောင်လအန်ဆန်မှာ COVID-19ရောဂါပိုး ကူးစက်ခံထားရတယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်၊ တနင်္လာနေ့က ဆေးစစ်ခဲ့ပြီး ယနေ့မှာတော့ Positive အဖြေထွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


သူ့အနေနဲ့ ပထမနှစ်ရက်မှာ အဖျားတက်တာ၊ ဝမ်းလျှောတာ၊ ခန္ဓာကိုယ်ကိုက်ခဲတာ၊ အဆီပြန်တာတွေ ခံစားခဲ့ရတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ မိသားစုတစ်လုံး Quarantine ၁၄ရက်ဝင်နေပြီး မိသားစုအားလုံးနေကောင်းကြပြီး ရောဂါကို ကျော်ဖြတ်မယ်လို့ပြောပါတယ်။


အောင်လအန်ဆန်းမှာ ဇနီးသည် ကက်သရင်နဲ့ သား တစ်ယောက်၊  သမီးတစ်ယောက်ရှိပါတယ်။

အောင်လအန်ဆန်နေထိုင်တဲ့ အမေရိကန်နိုင်ငံမှာ ကူးစက်သူ ၂.၈ သန်းရှိပြီး မနေ့ကတစ်နေ့တည်း ကူးစက်သူ ၅၀၀၀၀ ကျော်ရှိပါတယ်။ 

Ref - Aung La Nsang(Fb)

Photo - Aung La N Sang

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။