ပရိသတ်တွေ ဇဝေဇဝါ ဖြစ်နေတဲ့ ဖိလစ်ပိုင် အနုပညာရှင်အတွဲ ( ၂ ) တွဲ

ဒီအတွဲ နှစ်တွဲကိုတော့ ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာလည်း နာမည်ကြီးတဲ့ အတွဲဖြစ်နေသလို မြန်မာနိုင်ငံမှာလည်း နာမည်ကြီးတဲ့ အတွဲ ဖြစ်နေပါတယ်။ သူတို့ လေးဦးစလုံးကတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ နာမည်ကြီး အနုပညာရှင်တွေပါပဲ။  ကောင်လေးနှစ်ယောက်စလုံးကလည်း  နိုင်ငံခြားသားရုပ်လေးတွေနဲ့ ချစ်စရာကောင်းသလို ကောင်မလေး နှစ်ယောက်စလုံးကလည်း ရုပ်ချင်း အရမ်း    ဆင်နေကြပါတယ်။

James Reid

Diniel Paddilla

Nadine Lustre

Kathryn


အရင်ဦးဆုံး အတွဲကတော့ Diniel Paddilla နဲ့ Kathryn အတွဲပါ။ သူတို့အတွဲကတော့ ချစ်သူသက်တမ်း ၆ နှစ်ရှိသွားပါပြီ။ သူတို့အတွဲကတော့ သရုပ်ဆောင်တာကတော့ ကြာနေပြီပေါ့။ ဒါပေမယ့် ပရိသတ်တွေ သူတို့ကို ပိုပြီး သတိထားမှတ်မိတဲ့ ဇာတ်ကားကတော့ Can’t Help Falling in Love ဇာတ်ကားလေးပါ။


နောက်တစ်တွဲကတော့ James Reid နဲ့ Nadine Lustre တို့အတွဲပါ။ သူတို့အတွဲကတော့ ချစ်သူသက်တမ်း 1 နှစ်နဲ့ ၅လ ရှိသွားပြီ။ သူတို့ကတော့ On the Wings Of Love ဇာတ်ကားရိုက်ရင်း ချစ်ကြိုက်သွားကြတာပါ။


ဒီအတွဲ နှစ်တွဲမှာဆိုရင် ကောင်လေးနှစ်ယောက်ရုပ်ဆင်တာထက် ကောင်မလေးနှစ်ယောက်ပိုပြီး ရုပ်ပိုပြီးဆင်ပါတယ်နော်။ 

အခုဆိုရင် ပရိသတ်တော်တော်များများလည်း သူတို့ကို ရုပ်တွေခွဲလို့ရပြီထင်ပါတယ်။ လေးယောက်စလုံးကတော့ ပရိသတ်တွေရဲ့ အချစ်တော်လေးတွေပါပဲ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။