
အနံ့အရသာနဲ့ ပြည့်စုံတဲ့ မြေအိုးထမင်းပေါင်း
ထမင်းကြော်၊ ထမင်းပေါင်းကြိုက်တဲ့သူတွေအတွက် မြေအိုးထမင်းပေါင်းလုပ်နည်းလေးကို ပြောပြမယ်နော်။ အိမ်မှာ လုပ်စားမယ်ဆိုရင်တော့ တစ်အိမ်လုံးလည်း ဗိုက်ဝ၊ အကုန်အကျလည်း သက်သာစေမှာပါ။
Photo credit - taste of asians
ပါဝင်ပစ္စည်း
ကြက်သား (သို့) ဝက်သား - ၂၀ ကျပ်သား
မုန်ညှင်း - ၁ စည်း
မှိုမဲလုံး - နှစ်သက်သလို
ကြက်အူချောင်း - ၁ ချောင်း
ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၂ ဇွန်း
သကြား - လက်ဖက်စား ၂ ဇွန်းခွဲ
အရသာမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
ကော်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
ငရုတ်ကောင်းမှုန့် - အနည်းငယ်
နှမ်းဆီ - လက်ဖက်စားဇွန်း ၁ ဇွန်း
ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း ၁ ဇွန်း
မြေအိုး - ၁ လုံး
Photo credit - hungry go where
ပြုလုပ်နည်းဆင့်ဆင့်
- ပထမဦးဆုံး ကြက်သားတွေကို ရေစင်အောင်ဆေးပြီး အတုံးလေးတွေတုံးထားပါ။
- ကြက်သားထဲကို ပဲငံပြာရည်အကျဲ (လက်ဖက်စားဇွန်း ၂ ဇွန်း)၊ ခရုဆီ၊ သကြား (လက်ဖက်စားဇွန်း ၁ ဇွန်း)၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ၊ အရသာမှုန့်တို့ထည့်ပြီး သမအောင်နယ်ထားပါ။
Photo credit - every food i love
- မုန်ညှင်းနဲ့ မှိုမဲလုံးတွေကို နှစ်သက်သလို လှီးဖျက်ထားပါ။ ကြက်အူချောင်းကို ပါးပါးလှီးထားပါ။
- ဒယ်အိုးတစ်လုံးထဲမှာ ပဲငံပြာရည်အပျစ်၊ ပဲငံပြာရည်အကျဲ၊ သကြား၊ ရေအနည်းငယ်တို့ထည့်ပြီး သကြားတွေပျော်လာတဲ့အထိ ချက်ပေးပါ။
- မြေအိုးထဲမှာ ဆန်၊ သင့်တော်သောရေပမာဏထည့်ပြီး ချက်ပေးပါ။ ဆန်တွေနူးလာပြီဆိုရင်တော့ နှယ်ထားတဲ့ ကြက်သားထည့်ပေါင်းပေးပါ။
Photo credit - daniel food diary
- မုန်ညှင်း၊ မှို၊ ကြက်အူချောင်းထည့်ပါ။ ပြီးရင် စောနက ချက်ထားတဲ့ ပဲငံပြာရည်အရောအနှောတွေကို ထည့်လိုက်ပါ။
- ထမင်းလည်းကျက်၊ အသားလည်းနူး၊ အနံ့လည်းမွှေးလာပြီဆိုရင်တော့ အရသာရှိတဲ့ မြေအိုးထမင်းပေါင်းလေးကို အသင့်သုံးဆောင်နိုင်ပါပြီ။
Ref; Spice N Pans youtube
Psyche (We Media)
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။