ကိုရိုနာဗိုင်းရစ်ကိုတိုက်ဖျက်ပြီး သုံးမြွှာပူးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တဲ့ အံ့ဖွယ်အမျိုးသမီး

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်က Coronavirus ကူးစက်ခံခဲ့ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးဟာ သူ့ကိုယ်တွင်းက ကိုရိုနာဗိုင်းရပ်စ်ကိုကိုတိုက်ဖျက်နိုင်ခဲ့သလို ကျန်းမာတဲ့သုံးမြွှာပူးလေးကိုလည်း အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ပါတယ်။ တကယ်ကို ဝမ်းမြောက်စရာကောင်းတဲ့သတင်းပါပဲ။


Image Credit: Pinterest

Houston မှာရှိတဲ့ တက္ကဆက်အမျိုးသမီးများဆေးရုံရဲ့အဆိုအရ Maggie အမည်ရှိအဆိုပါအမျိုးသမီးဟာ သုံးမြွှာပူးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တယ်လို့ သိရပါတယ်။ Maggie ဟာ မေ ၈ ရက်နေ့က ကိုရိုနာ ကူးစက်ခံထားရကြောင်း အဖြေထွက်ရှိခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက သူမရဲ့ကိုယ်ဝန်ဟာ ၂၈ ပတ် ရှိနေပါပြီ။


Image Credit: Women’s Hospital of Texas / Facebook

ခင်ပွန်းသည်နဲ့ ၅ နှစ်အရွယ် သားဖြစ်သူလည်းရှိတဲ့ Maggie ဟာ ဆေးကုသမှုခံယူပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာမှာ ရောဂါပိုးပြန်လည်ကင်းစင်ပြီး Negative ပြန်ဖြစ်သွားခဲ့ပါတယ်။ Maggie တစ်ယောက် ရောဂါပိုးကင်းစင်သွားကြောင်းနဲ့ သုံးမြွှာပူးလေးမွေးဖွားကြောင်း သတင်းတွေကို တက္ကဆက်အမျိုးသမီးများဆေးရုံ ရဲ့ ဆိုရှယ်မီဒီယာစာမျက်နှာတွေမှာ ဖော်ပြခဲ့တာပါ။

Maggie အနေနဲ့ အခုလိုရောဂါပိုးပြန်လည်ကင်းစင်ပြီး သုံးမြွှာပူးလေးကိုလည်း အလွယ်တကူမွေးဖွားပေးနိုင်ခဲ့ တာကြောင့် ဆရာဝန်နဲ့သူနာပြုတွေကတောင် အံ့သြတကြီးဖြစ်ခဲ့ကြရပါတယ်။ မိခင်ရောကလေးတွေပါ တကယ် ကို ကံကောင်းတာပါပဲ။


Image Credit: Women’s Hospital of Texas / Facebook

သူမရဲ့ခင်ပွန်းဖြစ်သူဟာလည်း အရင်က ကိုရိုနာကူးစက်ခံခဲ့ရဖူးတာကြောင့် မွေးခန်းထဲဝင်ခွင့်မရခဲ့ပါဘူး။ အခု တော့ သူမခင်ပွန်းသည်ဟာလည်း ထပ်မံစစ်ဆေးစမ်းသပ်ချက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ကင်းစင်သွားပြီးလည်း ဖြစ်ပါတယ်။ အခုတော့ တစ်မိသားစုလုံး ကိုရိုနာကင်းစင်ပြီး မိသားစုဝင်သစ်လေး ၃ ဦး ထပ်တိုးလာခဲ့ပါပြီ။

Katie Scarlett
We Media

Source: NY Post

Original Link: https://nypost.com/2020/07/05/texas-woman-beats-coronavirus-then-delivers-healthy-triplets/?fbclid=IwAR0YRUxlTYUhGgB8-vD4UMJNrinTwCP4OIbeHAWI3Cq5ml3OKE6l8lfiWm0
 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။