သြဂုတ် ၈ ရက်နေ့မှာ စတင်မိတ်ဆက်မယ့် Samsung Note 20

Samsung ချစ်သူတွေ စောင့်မျှော်နေတဲ့ Samsung Galaxy Note 20 ကို သြဂုတ်လ ၈ ရက်မှာ တရားဝင်မိတ်ဆက်မယ်လို့ Samsung ကကြေညာလိုက်ပါတယ်။


ကိုရိုနာဗိုင်းရပ်စ်ကြောင့် online ကနေပဲ မိတ်ဆက်ပွဲလုပ်မယ်လို့ Samsung ကကြေညာထားပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေအရ Note 20 နဲ့ Note 20 Ultra ကို မိတ်ဆက်မယ်လို့ပြောပါတယ်။ တရားဝင်ဗီဒီယိုမှာတော့ S pen ကို အထူးအလေးပေးပြသွားတာ တွေ့ရပါတယ်။


စျေးနှုန်းအနေနဲ့ Note 20 ကို အမေရိကန်ဒေါ်လာ 999 နဲ့ Note 20 Ultra ကို အမေရိကန်ဒေါ်လာ 1299 သတ်မှတ်ထားမယ်လို့ တွက်ဆနေကြပါတယ်။ Note 20 မှာ ကင်မရာသုံးခုပါဝင်ပြီး လတ်တလောပြသထားတဲ့ ဗီဒီယိုအရ ကြေးရောင်ပါလာမယ်လို့ သိရပါတယ်။


ကင်မရာကြောင့် S pen အထားအသိုတွေလည်း ပြောင်းလဲနိုင်ပါတယ်။ Note 20 မိတ်ဆက်ပွဲမှာ Galaxy Fold 2 နဲ့ Galaxy Watch 3 နာရီတွေကိုလည်း မိတ်ဆက်ဖို့ရှိပါတယ်။ တန်ဖိုးနည်း Galaxy Fold Lite ကိုတော့ ၂၀၂၁ မှပဲ မိတ်ဆက်တော့မယ်လို့ samsung ကပြောပါတယ်။ 

Ref - Samsung, Verge

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။