ကိုဗစ်ကြောင့် Apple TV+ မှာပဲပြနေရတဲ့ Tom Hank စစ်ကားသစ်

မင်းသားကြီး Tom Hank ရဲ့ ဇာတ်ကားသစ် Greyhound ကို ကိုဗစ်ကြောင့် ရုံမတင်သေးဘဲ Apple TV+ မှာပြသနေတယ်လို့ သိရပါတယ်။ ၁၉၄၂ ခုနှစ် မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ Captain George Krause (Tom Hank) ခေါင်းဆောင်တဲ့ အမေရိကန်စစ်သင်္ဘောအုပ်နဲ့ ဂျာမန် U-Boat ရေငုပ်သင်္ဘောတွေ အပြိုင်တိုက်တဲ့ ရေကြောင်းတိုက်ပွဲဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ .


Greyhound ဇာတ်ကားထဲမှာ Tom Hank ဟာ အတွေ့အကြုံမရှိသေးတဲ့ ဗိုလ်မှူးအဖြစ်သရုပ်ဆောင်ပြီး ကုန်တင်သင်္ဘောအုပ်စုကို ရေငုပ်သင်္ဘောတွေရန်က ကာကွယ်ပေးရသူဖြစ်ပါတယ်။ 


မတ်လ ၂၂ ရက်နေ့မှာ ရုံတင်ဖို့ ရည်မှန်းထားပေမယ့် ကိုဗစ်ကြောင့် ရွေ့ဆိုင်းရင်းကနေ ဇူလိုင်လအထိ ရောက်လာတာဖြစ်ပါတယ်။ ၂၀၂၀ မေလမှာ Greyhound ရုပ်ရှင်ဖြန့်ချိခွင့်ကို Apple TV+ က ဒေါ်လာသန်း ၇၀နဲ့ဝယ်ယူပြီး ဇူလိုင် ၁၀ ရက်နေ့မှာ စတင်ပြသခဲ့ပါတယ်။ Greyhound ရုပ်ရှင်နဲ့ ပတ်သက်ပြီး ဝေဖန်သံမကြားရသလို ပရိသတ်တွေက အထူးကြိုက်နှစ်သက်နေကြပါတယ်။ ကြာချိန် ၁ နာရီနဲ့ မိနစ် ၂၀ သာရှိပေမယ့် ဝုန်းဒိုင်းကြဲပစ်ချက်တွေကြောင့် အံ့အားသင့်သွားနိုင်ပါတယ်။ Tom Hank အတွက် Saving Private Ryan နောက်ပိုင်း ခေတ်ကြမ်းကြမ်းရိုက်တဲ့ စစ်ကားဖြစ်ပါတယ်။ ပရိသတ်တွေကို ရုံမှာပြသခွင့်မရလို့ စိတ်မကောင်းဘူးလို့လည်း ပြောပါတယ်။

Ref - Apple TV+


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။