အလေ့အကျင့် (၅)ခုကို ပြောင်းလဲမွေးမြူခဲ့ပြီးနောက် ပေါင် ၁၃၀ ကျသွားခဲ့တဲ့ အမျိုးသမီး

သင်နေ့စဉ်ပြုလုပ်နေကျ အလေ့အကျင့်တချို့ကိုပြောင်းလဲလိုက်ရုံနဲ့ ဝိတ်ကျသွားနိုင်တယ်ဆိုတာ ယုံပါသလား? မယုံမရှိပါနဲ့နော်။ အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်က “Kiah Twisselman” လို့နာမည်ရ တဲ့ အမျိုးသမီးတစ်ဦးကတော့ သူ့ရဲ့အလေ့အကျင့် (၅)ခုကို ပြောင်းလဲမွေးမြူလိုက်ရုံနဲ့ သူမရဲ့ခန္ဓာကိုယ်အလေးချိန် ပေါင်တစ်ရာကျော်ကျသွားခဲ့ပါသတဲ့။


Image Credit: Brightside

Kiah ရဲ့ ခန္ဓာကိုယ်ဟာ အတော်လေးဝတဲ့အထဲမှာပါပြီး သူမအနေနဲ့ နှစ်ပေါင်းများစွာကြာအောင် diet အမျိုးမျိုး လုပ်ပြီး ဝိတ်ချဖို့ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူမဟာ တစ်နှစ်အတွင်း ၁၀၃ ပေါင် ဝိတ်ကျသွားခဲ့ပါတယ်။ အခုဆိုရင် သူမဟာ ပေါင် ၁၃၀ အထိ ကျသွားပြီး အရင်ထက်ပိုပြီး ကျန်းမာလှပသွားခဲ့ပါပြီ။


Image Credit: Instagram

သူမရဲ့လျှို့ဝှက်ချက်ကတော့ သူမနေ့စဉ်ပြုလုပ်နေကျ အလေ့အကျင့် (၅)ခုကို ပြောင်းလဲမွေးမြူလိုက်တာ ဖြစ်ပါတယ်။  အခုဆိုရင်သူမဟာ သူမလိုဝိတ်ကျချင်သူတွေကိုလည်း ကူညီပေးနေပါတယ်။    


Image Credit: Instagram

Kiah ရဲ့ဘဝကိုပြောင်းလဲသွားစေတဲ့ အလေ့အကျင့် (၅)ခုကတော့…

- ပုံမှန်ထက် ၁ နာရီစောထပြီး ကိုယ့်ကိုယ်ကိုအားတက်အောင် အားပေးပါတယ်။
- အနည်းဆုံးမိနစ် ၃၀ ကြာအောင် ခန္ဓာကိုယ်လှုပ်ရှားမှု ပြုလုပ်ပေးပါတယ်။
- ခန္ဓာကိုယ်အတွက်အကျိုးမရှိတဲ့ အသားမှန်သမျှကို မစားဘဲရှောင်ပါတယ်။
- ခန္ဓာကိုယ်အလေးချိန်ရဲ့ထက်ဝက် ရေကိုအောင်စနဲ့ချိန်ပြီး သောက်ပါတယ်။
- သင့်မှာရှိနေတဲ့အတွက် ကျေးဇူးတင်ရမယ့်အရာ ၁၀ ခုကို ချရေးပါတယ်။


Image Credit: Instagram

သူမပြောင်းလဲခဲ့ဲတဲ့ အလေ့အကျင့်တွေက ရိုးရိုးလေးပါပဲ။ ဒါပေမဲ့သူမရဲ့စိတ်ဓာတ်ကိုတော့ အများကြီးအားဖြည့်ပေးခဲ့ပြီး အခုလိုသူမဘဝကို ပြောင်းလဲသွားစေခဲ့ပါတယ်။ “ဒီလိုရိုးစင်းတဲ့အလေ့အကျင့်လေးတွေက ကျွန်မကို ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံအသစ်တစ်ခုအတွက် အခြေခံ အုတ်မြစ်အဖြစ် ပံ့ပိုးပေးခဲ့ပါတယ်။” လို့လည်း သူမက ဆိုပါတယ်။


Image Credit: Instagram

Kiah ဟာ သူမဝိတ်ကျပြီးပြောင်းလဲသွားသလို သူမနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက တခြားသူတွေကိုလည်း ပြောင်းလဲစေခဲ့ပါတယ်။ သူမရဲ့တိုက်တွန်း အားပေးမှုကြောင့် သူမရဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဟာ ပေါင် ၅၀ ကျော်ကျသွားခဲ့ပြီး သူမရဲ့အစ်ကိုဖြစ်သူကတော့ ပေါင် ၇၀ နီးပါး ဝိတ်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။


Image Credit: Instagram

“ဒီလိုကျန်းမာတဲ့ဘဝခရီးအတွက် အရေးကြီးဆုံးအပိုင်းကတော့ စိတ်ဓာတ်ပါပဲ” လို့လည်း Kiah က ပြောထားပါ တယ်။ သူမက ဝိတ်ချချင်တဲ့ သူတွေကို ဝိတ်ချဖို့ကြိုးပမ်းရာမှာ လောဘမကြီးဘဲ ခပ်ဖြည်းဖြည်းချင်းပဲ စတင်သွား ဖို့လည်း အကြံပေးထားပါတယ်။ ဒါ့ပြင် သူမရဲ့ Facebook နဲ့ Instagram စာမျက်နှာတွေကနေတဆင့် သူမ အသုံးပြုခဲ့တဲ့ tip ပေါင်းများစွာကို အမြဲတမ်းမျှဝေပြောပြပေးနေပါတယ်။


Image Credit: Brightside

Kiah တစ်ယောက် ဝိတ်ချရာမှာအသုံးပြုသွားတဲ့ အဓိကအကျဆုံးအရာကတော့ စိတ်ဓာတ်ခွန်အားပါပဲ။ အဲဒီ ခွန်အားနဲ့ အားယူပြီး သူမကိုယ်သူမ ဝိတ်ကျအောင် ကြိုးစားနိုင်ခဲ့ပါတယ်။ အဲဒါကြောင့် တကယ်ဝိတ်ကျချင် တယ်ဆိုရင် ကောက်ရိုးမီးလိုမဟုတ်တဲ့ တကယ်ဖြစ်ချင်စိတ်ကိုမွေးပြီး ဖြည်းဖြည်းချင်းအားမလျော့ဘဲ ကြိုးစားရ မှာပါ။

Katie Scarlett
We Media

Source: Brightside

Original Link: https://brightside.me/inspiration-health/a-woman-lost-130-lbs-by-changing-5-of-her-habits-and-she-told-us-all-about-it-797995/?utm_source=fb_brightside&utm_medium=fb_organic&utm_campaign=fb_gr_brightside&fbclid=IwAR3Z0doFrP8WKbKb9ia5ZOY4PWvevIuACjRGh91Qch2sU__uiJIMfYdt3Vo


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။