နမ့်ခမ်းမြိုနယ်တွင်မြေမြှုပ်မိုင်းပေါက်ကွဲပြီး သံဃာတော်တစ်ပါးနှင့်ကပ္ပိယတစ်ဦးသေဆုံး

နေပြည်တော် ၊  ဇူလိုင် - ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၊ လော့နော်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ၊ ရှင်သာမဏေတစ်ပါးနှင့် နှင့် ကပ္ပိယတစ်ဦးတို့သည် ဇူလိုင် ၁၄ ရက်ညနေ ၆ နာရီခွဲခန့်တွင် ကျေးရွာရှိရေအား လျှပ်စစ်မှ ဘုန်းတော်ကြီးကျောင်းသို့ သွယ်တန်းထားသောမီးကြိုးများအား လိုက်လံစစ်ဆေးစဉ် ရွာဦးစေတီ၏အနောက်ဘက် မီတာ ၂၀ ခန့်အကွာသို့အရောက်၌ သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့က ထောင်ထားသည့် မိုင်းဟောင်း ၁ လုံးအား ကပ္ပိယက နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းနှင့် ကျောင်းထိုင်ဆရာတော်တို့ မိုင်းစထိမှန် ဒဏ်ရာများဖြင့် သေဆုံး၊ ပျံလွန်တော်မူခဲ့ပြီး ရှင်သာမဏေတွင် မိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။အဆိုပါ မိုင်းထိလူနာအား ကျေးရွာကျေးလက်ကျန်းမာရေးဌာနတွင် လိုအပ်သည့် ဆေးဝါးကုသမှုများခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Gabriel (Content Writer)
WE Media
Source - တပ်မတော်သတင်းမှန်ပြန်ကြားရေး

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။