ဘရာဇီးသမ္မတ၏ ဒုတိယအကြိမ်ဆေးစစ်မှုတွင် ရောဂါပိုးတွေ့နေဆဲ

ဘရာဇီးသမ္မတ Jair Bolsonaro ဟာ ပထမအကြိမ် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စမ်းသပ်တွေ့ရှိပြီး တစ်ပတ်ခန့်အကြာမှာ ဒုတိယအကြိမ် စစ်ဆေးမှုထပ်မံပြုလုပ်ခဲ့ရာ ရောဂါပိုးတွေ့ရှိဆဲ ဖြစ်ကြောင်း သိရပါတယ်။


“လာမည့်ရက်အနည်းငယ်မှာ သူတို့ ကျွန်တော့်ကို စမ်းသပ်မှုအသစ်လုပ်ပါလိမ့်မယ်။ အရာအားလုံးကောင်းသွားပါလိမ့်မယ် ၊ ပုံမှန်လုပ်ဆောင်မှုတွေကို ကျွန်တော်တို့ ပြန်လုပ်နိုင်မှာပါ”လို့ သမ္မတက ပြောကြားခဲ့ပါတယ်။ Jair Bolsonaroဟာ ဘရာဇီးလီးယားမြို့ရှိ Alvorada နန်းတော်တွင် နေထိုင်လျက်ရှိကြောင်း၊ ကျန်းမာရေးအဖွဲ့က လိုက်ပါစောင့်ရှောက်လျက်ရှိကြောင်း သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးပြောပါတယ်။ Jair Bolsonaroဟာ နောက်ဆုံးအကြိမ်စမ်းသပ်မှုကို ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး ရလဒ်ကို ယင်းနေ့ညပိုင်းမှာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ Jair Bolsonaroဟာ ဖျားနာခြင်းနဲ့ နေထိုင်မကောင်းဖြစ်တာကြောင့် Brazilian Armed Forces ဆေးရုံမှာ ရောဂါစစ်ဆေးမှုခံယူခဲ့ရာ COVID-19 ကူးစက်ခံရကြောင်း ဇူလိုင် ၇ ရက်က ကြေညာခဲ့ပါတယ်။


ဆရာဝန်က သမ္မတအား လုံခြုံရေးအစောင့်အရှောက်တွေနဲ့ ပန်းခြံတစ်လျှောက် မကြာခဏလမ်းလျှောက်လေ့ရှိတဲ့ Alvorada နန်းတော်မှာ ရောဂါသက်သာမှုရှိစေရေးအတွက် သွားရောက်နေထိုင်ရန် ညွှန်ကြားခဲ့ပါတယ်။

အသက် ၆၅ နှစ်ရှိပြီဖြစ်သော Jair Bolsonaro ကို ရောဂါသစ်ဖြစ်ပွားသော အန္တရာယ်ရှိတဲ့ အုပ်စုမှာ ထည့်သွင်းဖို့ စဉ်းစားထားကြောင်း သိရပါတယ်။

Ref - Reuters

Photo - Reuters


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။