ပူအိုက်နေတဲ့ရာသီဥတုမှာ Gigi Hadid ဝတ်လိုက်တဲ့ဖက်ရှင်

New York City မှာ ယခင်နေ့တွေက အပူချိန်က ၉ဝဒီဂရီရှိခဲ့ပါတယ်…။ ဒီလိုပူအိုက်နေတဲ့ရာသီဥတုမှာ New York City မှာရှိတဲ့ လူတော်တော်များများက အပူဒဏ်ကိုသက်သာစေမယ့် အဝတ်အစားများကိုပဲ ရွေးချယ်ပြီးဝတ်ကြပါတယ်။ အင်္ကျီလက်ပြတ်၊ ဘောင်းဘီတိုစတာတွေကိုပဲ ဝတ်တာများပါတယ်။ ဒီလိုပူအိုက်နေတဲ့အချိန်မှာ Gigi Hadid တစ်ယောက်ကတော့ တလွဲတွေနဲ့ဖက်ရှင်လုပ်လာခဲ့ပါတယ်…။

သူမဝတ်ထားတဲ့ဖက်ရှင်က အရမ်းမိုက်တယ်ဆိုတာတော့ ငြင်းလို့မရပါဘူး… ။သူမကတော့ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေကိုဝတ်ဆင်ထားပြီး ဒီဇိုင်းဟာဆိုရင်လည်း အလွှာအထပ်ထပ်ပုံစံဖြစ်နေပါတယ်။ သူဝတ်ထားတာကိုကြည့်မယ်ဆိုရင် Gigi Hadid ကပူတယ်ဆိုတာကို ခံစားချက်မရှိပဲမွေးလာတယ်လို့ပဲ ယူဆရမလား ဒါမှမဟုတ် ချွေးမထွက်တတ်တာပဲလားဆိုတာ စဉ်းစားစရာပါပဲ…။ Gigi Hadid ကအပြင်မှာ သူမသူငယ်ချင်းနဲ့လည်း တွေ့ဆုံခဲ့ပြီး၊ သူမသူငယ်ချင်းဖြစ်သူကလည်း အပူဒဏ်ကိုခံနိုင်စေဖို့ အင်္ကျီလက်ပြတ်နဲ့ ဘောင်းဘီတိုကိုပဲဝတ်ဆင်ခဲ့ပါတယ်။ Gigi Hadid ဝတ်တဲ့ဒီဇိုင်းက ဒီနွေရာသီအတွက် ဖက်ရှင်တစ်ခုရယ်လို့တော့မဟုတ်ပါဘူး။ ဒါပေမယ့် Gigi Hadid ဝတ်တဲ့ဖက်ရှင်က ထင်ပေါ်ကျော်ကြားမှုတစ်ခု ဖြစ်သွားလောက်ပါတယ်။ ရာသီဥတုကိုဂရုမစိုက်ပဲ ကိုယ့်စိတ်တိုင်းကျဝတ်မယ်ဆိုတာမျိုးတွေ ဖြစ်လာခဲ့ပါတယ်…။

မနှစ်ကလည်း Kim Kardashian က ပွပွချောင်ချောင် ကုတ်အင်္ကျီကို LA မှာရှိတုန်းကတစ်ချိန်လုံးဝတ်ထားတာကို တွေ့ရပါတယ်…။