အမဲသားပန်းဂေါ်ဖီစိမ်း ကော်ရည်ကြော်

ဒီတစ်ခါမှာတော့ အသားနဲ့ အသီးအရွက်လေးကို အရသာရှိရှိ ကြော်စားကြည့်ကြမယ်နော်။ အမဲသားလေးကိုမှ မှတ်ဉာဏ်အားကောင်းစေတဲ့ ပန်းဂေါ်ဖီစိမ်းနဲ့ကို ကော်ရည်ရွဲရွဲထည့်ထားတာမို့ ခံတွင်းတွေ့စေမှာ အသေအချာပါပဲ။ အမဲသားတင်မကပဲ ကိုယ်နှစ်သက်တဲ့ အသားတွေကိုပါ ထည့်ချက်နိုင်ပါတယ်နော်။

Photo credit -  pinterest

ပါဝင်ပစ္စည်း

အမဲသား - ၂၅ ကျပ်သား

ပန်းဂေါ်ဖီစိမ်း - ၁ ခု

ကြက်သွန်ဖြူ - ၃ မွှာ

အရသာမှုန့် - လက်ဖက်စားဇွန်း ၂ ဇွန်း

ဆား - အနည်းငယ်

နနွင်းမှုန့် - အနည်းငယ်

ပြောင်းဖူးကော်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း

ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း ၁ ဇွန်း

ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း

သကြား - အနည်းငယ်

Photo credit -  feng ling

ပြုလုပ်နည်းအဆင့်ဆင့်

- အရင်ဦးဆုံး အမဲသားတွေကို ရေစင်အောင်ဆေးပြီး အတုံးလေးတွေ တုံးထားပါ။

- တုံးထားတဲ့ အမဲသားတွေကို ဆား၊ နနွင်းနယ်ထားပါ။ ကော်မှုန့်တွေကို ရေအနည်းငယ်နဲ့ ဖျော်ထားပါ။

- ပန်းဂေါ်ဖီစိမ်းတွေကို နှစ်သက်သလို လှီးဖြတ်ထားပါ။ ကြက်သွန်ဖြူကို ထောင်းထားပါ။

Photo credit -  steven valenti

- ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီဆူလာရင် ကြက်သွန်ဖြူအရင်ဆီသတ်ပါ၊ ပြီးရင် အမဲသားထည့်ပါ။

- အမဲသားတွေနူးအောင်လို့ ရေအနည်းငယ်ထည့်ပြီးကြော်ပါ။

- အမဲသားတွေ နူးသွားပြီဆိုရင်တော့ ပန်းဂေါ်ဖီစိမ်းထည့်ပါ။ အရသာအတွက် သကြား၊ အရသာမှုန့်၊ ပဲငံပြာရည်အကြည်၊ ခရုဆီထည့်ပြီး အပေါ့အငန်မြည်းပါ။

Photo credit -  toronto

- အဖုံးခဏအုပ်ထားပြီး ပန်းဂေါ်ဖီစိမ်းတွေလည်း နူးခါနီးပြီဆိုရင်တော့ ကော်ရည်လေးလောင်းထည့်လိုက်ပါ။

- နောက် ၁၀ မိနစ်ခန့်ကြော်ပြီးသွားရင်တော့ အရသာရှိတဲ့ အမဲသားပန်းဂေါ်ဖီကော်ရည်ကြော်လေး ရပါပြီ။

Psyche (We Media)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။