သင့်ကိုစိတ်ဓာတ်ပိုကျစေနိုင်တဲ့ အစားအသောက် (၉) မျိုး

အစားအသောက်တွေကို လူကိုစိတ်ရွှင်လန်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ရွေးချယ်လိုက်တဲ့ အစား အစာပေါ်လည်း မူတည်ပါသေးတယ်။ တချို့အစားအစာတွေက သင့်ကို စိတ်ရွှင်လန်းစေမယ့်အစား စိတ်ဓာတ် ပိုကျစေနိုင်ပါတယ်။ အဲဒါကြောင့် သင့်ကိုစိတ်ဓာတ်ကျစေမယ့် အစားအသောက်တချို့နဲ့အတူ၊ သင့်ကို စိတ်ရွှင် လန်းစေဖို့ အစားထိုးစားသုံးသင့်တာတွေကိုလည်း တစ်ပါတည်းဖော်ပြပေးလိုက်ပါတယ်။

၁။ သစ်သီးဖျော်ရည်


Image Credit: Pexels via Brightside

ပုံမှန်အတိုင်းဆိုရင်တော့ သစ်သီးဖျော်ရည်ကို ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ သကြားနဲ့ရောနှောဖျော်စပ်ထားတဲ့ သစ်သီးဖျော်ရည်ဟာ သစ်သီးမှာပါတဲ့ အာဟာရဓာတ်အတိုင်း မရနိုင်ပါဘူး။ ဥပမာဆိုရင် လိမ္မော်သီးမှာပါတဲ့ အမျှင်ဓာတ်က သင့်ခန္ဓာကိုယ်အတွက် အလွန်ကောင်းတဲ့အရာပါ။ အမျှင်ဓာတ် မပါတဲ့ လိမ္မော်ဖျော်ရည်ကတော့ သကြားဓာတ်တွေပဲ ပိုရစေပြီး သင့်ကို စိတ်မကြည်မလင်ဖြစ်စေတတ်ပါတယ်။ အဲဒါကြောင့် လိမ္မော်ရည်သောက်မယ့်အစား လိမ္မော်သီးကိုပဲ ပိုစားပေးသင့်ပါတယ်။

၂။ ဆိုဒါ


Image Credit: Pexels via Brightside

သစ်သီးဖျော်ရည်ကမှ ဗီတာမင်နဲ့အာဟာရဓာတ်တချို့ ရကောင်းရနိုင်ပါတယ်။ ဒါပေမဲ့ ဆိုဒါကတော့ မတူပါဘူး။ သကြားပါဝင်မှုများတဲ့ ဆိုဒါဟာ ကျန်းမာရေးနဲ့မညီညွတ်ရုံမက စိတ်ဓာတ်ကျခြင်းနဲ့လည်း သွယ်ဝိုက်ဆက်စပ်နေ ပါတယ်။ ဆိုဒါမှာပါဝင်တဲ့ ကဖိန်းဓာတ်ကလည်း သင့်ရဲ့စိုးရိမ်သောကတွေကို ပိုတိုးစေပါတယ်။

၃။ ပေါင်မုန့်ဖြူ


Image Credit: Pexels via Brightside

မနက်စာအနေနဲ့ ပေါင်မုန့်ကိုအမျိုးမျိုးအဖုံဖုံ ပြုလုပ်စားသောက်ရတာ အရသာတော့တကယ်ရှိပါတယ်။ ဂျုံစား ပေးခြင်းက ကျန်းမာရေးအတွက်အထောက်အကူ ဖြစ်စေတယ်ဆိုပေမဲ့လည်း ဂျုံကိုအဆင့်ဆင့်ပြုပြင်ပြောင်းလဲ ထားတဲ့ ပေါင်မုန့်မှာတော့ ဂျုံရဲ့အာဟာရဓာတ်တွေ ရှိမနေတော့ပါဘူး။ အဲဒါကြောင့် မနက်စာကို ပေါင်မုန့်စား မယ့်အစား ကွေကာအုပ် oatmeal တို့ကို စားသုံးပေးသင့်ပါတယ်။

၄။ ဒိုးနပ်


Image Credit: Pexels via Brightside

ဒိုးနပ်လို အချိုစာနဲ့ fast food တွေက ကျန်းမာရေးကိုထိခိုက်စေတာ သိကြမှာပါ။ ဒါ့ပြင် အဲဒီအစားအစာတွေ သင့်စိတ်အခြေအနေကို ပိုဆိုးလာစေပါတယ်။ တကယ်လို့ သင့်အနေနဲ့ သွားရည်စာစားချင်တယ်ဆိုရင် dark chocolate ကို စားသုံးပေးနိုင်ပါတယ်။ ကိုလက်စထရောကို ကျစေပြီး သင့်ရဲ့စိုးရိမ်သောကတွေကိုလည်း လျော့ပါးလာစေပါလိမ့်မယ်။

၅။ Ketchup


Image Credit: Pexels via Brightside

Ketchup မှာ သကြားပါဝင်များပြီး တခြားပြုပြင်မွမ်းမံထားတဲ့ အချိုဓာတ်တွေလည်းပါတာကြောင့် စိုးရိမ် သောကရောက်ခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်းတို့နဲ့ သွယ်ဝိုက်ဆက်စပ်နေပါတယ်။ အဲဒါကြောင့် Ketchup အစား မိမိအိမ်မှာပဲ လတ်ဆတ်တဲ့ခရမ်းချဉ်သီးကို ငရုတ်သီးလေးနည်းနည်းရောစပ်ပြီး ချက်ပြုတ်စားသုံးသင့်ပါတယ်။

၆။ တာရှည်ခံအောင်ပြုလုပ်ထားတဲ့ အသားများ


Image Credit: Pexels via Brightside

ကြက်ဥချောင်း၊ ဝက်ဥချောင်း၊ sausage၊ ဝက်ပေါင်ခြောက်၊ ငါးခြောက် နဲ့ စည်သွပ်ဗူးအသားအပါအဝင် အသင့် စားသုံးနိုင်ပြီး တာရှည်ခံအောင်ပြုလုပ်ထားတဲ့ အစားအစာတွေမှာပါဝင်တဲ့ ဆိုဒီယမ်ဓာတ်ဟာ သင့်ရဲ့ခန္ဓာကိုယ် ကျန်းမာရေးကိုတင်မက စိတ်ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အဲဒီအစား လတ်ဆတ်တဲ့ငါးတွေကို စားသုံးပေးသင့်ပါတယ်။ ဆော်လမွန်နဲ့ trout တို့လို ငါးမျိုးတွေက သင့်စိတ်ကိုသက်သာရွှင်လန်းမှုရစေပြီး စိတ် ဖိစီးမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

၇။ ကြက်ကြော်


Image Credit: Pexels via Brightside

ကြက်ကြော်အပါအဝင် အကြော်အလှော်အတော်များများမှာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဆီပါဝင်တာကြောင့် ယေဘူယျအားဖြင့် ကျန်းမာရေးကိုထိခိုက်စေပါတယ်။ အဲဒါကြောင့် တကယ်လို့ အသားစားချင်စိတ်ဖြစ်လာခဲ့ရင် ကြက်သားအစား ကြက်ဆင်သားကို အစားထိုးစားသုံးပေးတာ ပိုကောင်းပါတယ်။

၈။ အချိုစာ


Image Credit: Pexels via Brightside

အချိုစာစားချင်လာတဲ့အခါ ပြဿနာက သကြားတစ်ခုတည်းမဟုတ်ပါဘူး။ ကွက်ကီးနဲ့ ခရက်ကာမုန့်လို အချိုစာ တွေမှာ တစ်စိတ်တစ်ပိုင်းပါဝင်တဲ့ hydrogenated oil တွေ သင့်စိတ်အခြေအနေကို ကောင်းမွန်လာစေဖို့ အကူ အညီမဖြစ်ပါဘူး။ အဲဒါကြောင့် အချိုစာစားချင်တဲ့အခါ အချိုတည်းချင်တဲ့အခါ ဒိန်ချဉ်ကိုစားသုံးပေးသင့်ပါတယ်။

Katie Scarlett
We Media

Source: Brightside

Original Link: https://brightside.me/creativity-cooking/10-foods-that-can-make-you-more-anxious-and-what-you-can-eat-instead-796705/

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။