ဗန်းမော်ရေကျသော်လည်း စိုးရိမ်ရေအမှတ်ရှိနေဆဲဒေသခံများစိုးရိမ်

ကချင်ပြည်နယ်၊ဗန်းမော်မြို့မှာရေအနည်းငယ်ကျသွားပေမယ့်စိုးရိမ်ရေအမှတ်ရှိနေဆဲလို့ဒေသခံတွေကပြောပါတယ်။


Photo - Hpauyam La Awng / MPA

ရေဘေးသင့် ပြည်သူများမှာပေါက်ကုန်းရပ်ကွက်ရှိ ဓမ္မိကာရုံဘုန်းကြီးကျောင်း၊ ခွန်သာရပ်ကွက်ရှိ လေးထပ်ဘုန်းကြီးကျောင်း/မင်းစည်ဘုန်းကြီးကျောင်း/ရေရှင်ဘုန်းကြီးကျောင်းများရှိရေးဘေးကယ်ဆယ်ရေးစခန်းများတွင်ခိုလုံနေရဆဲဖြစ်ပြီး အကူအညီများလိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။


Photo - Hpauyam La Awng / MPA

ဇူလိုင်လ၁၃ရက် နေ့လယ် ၁၂ ၃၀ အချိန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်များအရ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၏ ဧရာဝတီမြစ်ရေအမှတ်သည်  ၁၀၆၂ cm စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ပါသဖြင့် ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာ၊ ဆူးပုတ်ကုန်းကျေးရွာ၊ စာဝတီးကျေးရွာအတွင်း မြစ်ကမ်းဘေး၌ နေထိုင်သူများ သတိပြုနေထိုင် ကြပါရန် ကြိုတင်အသိပေးနှိုးဆော်ခြင်းပြုလုပ်ထားတယ်လို့သိရပါတယ်။

Photo - Hpauyam La Awng / MPA
Gabriel (Content Writer)
WE Media

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။