သပိတ်ကျင်းမှာ လက်ပစ်ဗုံးအဟောင်းတစ်လုံး တွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ပေါက်တပင်ကျေးရွာမြောက်ဘက် (၇)ဖာလုံခန့်အကွာရှိ တောင်သူ ဦးစိုးမင်းဦးရဲ့ ယာတောအတွင်း ထွန်ယက်ထားတဲ့မြေသားပေါ်မှ နာနက်သီးပုံစံ လက်ကိုင်ပါ သံချေးတက်နေတဲ့ လက်ပစ်ဗုံးဟောင်း တစ်လုံးအား ဇူလိုင်လ(၁၇)ရက်နေ့က အခင်းပိုင်ရှင် ဦးစိုးမင်းဦးမှ တွေ့ရှိခဲ့တာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံသတင်းပို့ပြီး ကြားညှပ်စခန်းမှ ခေတ္တ ရဲကင်းစခန်းမှူး ရဲအုပ်စောနိုင်နှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးကာ နယ်မြေခံတပ်သို့ လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ အဆိုပါ တွေ့ရှိခဲ့တဲ့ဗုံးအား တာဝန်ရှိသူများမှ စစ်ဆေးကာ ဖျက်ဆီး ဆောင်ရွက်ရန် သိမ်းဆည်းသွားကြောင်း သိရပါတယ်။


Source & Photo - စိုးနိုင်ဝင်း

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။