ပေါ့ပေါ့ပါးပါးသွားလာချင်သူတွေအတွက် Mi Scooter အသစ်ထွက်ပြီ

ကားကြပ်တဲ့ မြို့ပြတွေနဲ့ ထသွားထလာ လုပ်ချင်သူတွေအတွက် Mi က နောက်ဆုံးပေါ် Electric Scooter လေးထုတ်လုပ်လိုက်ပါပြီ။ ၂၀၁၇ ခုနှစ်ကထုတ်ခဲ့တဲ့ M365 scooter နောက်ပိုင်း ပထမဆုံးပြန်ထုတ်တဲ့ Xiaomi Electric Scooter Pro 2 နဲ့ S1 ကို Xiaomi ကုမ္ပဏီကယနေ့ မိတ်ဆက်ခဲ့ပါတယ်။ 


အခုထုတ်လုပ်တဲ့ Scooter စီးရီးသစ်မှာMi Electric Scooter S1 နဲ့ Mi Electric Scooter Pro 2 ဆိုပြီး ထွက်မှာဖြစ်ပါတယ်။ Pro 2 မှာ အကြမ်းခံပြီး မျက်နှာပြင်မညီတဲ့နေရာတွေကို သွားလာနိုင်တဲ့ စွမ်းရည် ၂၀ % တိုးထားတယ်လို့ ဆိုပါတယ်။ လက်ကိုင်မှာ Lcd screen ပါရှိပြီး အမြန်နှုန်းဘယ်လောက်နဲ့သွားလာနိုင်တယ်ဆိုတာကို ကြည့်ရှု့နိုင်ပါတယ်။


ဒါ့အပြင် Bluetooth နဲ့ချိတ်ဆက်ပြီး ခရီးစဥ်အခြေအနေနဲ့ mode တွေကိုလည်း ပြောင်းလဲနိုင်ပါတယ်။ Pro 2 မှာ W300 မော်တာတပ်ဆင်ပေးထားပြီး ဘရိတ်စနစ်နဲ့ သယ်ဆောင်ရလွယ်အောင်ပြုလုပ်ပေးထားပါတယ်။ ဒီဇိုင်းပိုင်းကို ပိုမိုကောင်းမွန်အောင် ဂျာမနီ Mercedes ကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်ထားတယ်လို့ဆိုပါတယ်။ Pro 2 ကို မြန်မာငွေ ရှစ်သိန်း နီးပါးနဲ့ရောင်းချမယ်လို့သိရပါတယ်။


1S ကတော့ Pro 2 ထက်စာရင် ပိုပြီးကျစ်လျစ်ပါတယ်။ 1S ကိုတော့ မြန်မာငွေခုနှစ်သိန်းနီးပါးနဲ့ ရောင်းချမယ်လို့ mi ပြောပါတယ်။ ပြည်တွင်းစျေးကွက်ထဲ မကြာမီရောက်လာမယ်လို့ သိရပါတယ်။


Ref - gidchina

Photo - Mi

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။